အုန်းကျော်မြင့်ဗိုလ်ကြီး အုန်းကျော်မြင့် (၂၇ ဇူလိုင် ၁၉၇၇ ကွယ်လွန်) သည် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းအား ဖြုတ်ချ တန်ပြန်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော မြန်မာ့တပ်မတော် အရာရှိတစ်ဦးဖြစ်သည်။ စစ်မှုထမ်းဘဝအုန်းကျော်မြင့်သည် ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၂၉ မှ အထူးချွန်ဆုံး ဗိုလ်လောင်းအဖြစ်နှင့် မြန်မာ့တပ်မတော်တွင် အရာရှိဖြစ်လာခဲ့သည်။[၁] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင် လက်အောက်တွင် စစ်ဦးစီးမှူး (တတိယတန်း) အဖြစ် အမှုထမ်းခဲ့သည်။[၂] စစ်ခုံရုံးဗိုလ်ကြီး အုန်းကျော်မြင့် နှင့် အခြားအရာရှိငယ်များ၏ အာဏာသိမ်းရန် ကြံစည်မှုကို စစ်ထောက်လှမ်းရေး (ကကလှမ်း) က ဖော်ထုတ်ခဲ့သည်။ ဗိုလ်ကြီးအား ၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြိုးပေး သတ်ဖြတ်ခဲ့သည်။[၁] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တရားခွင်အတွင်း အငယ်တန်း အရာရှိအဖြစ် ပါဝင်ခဲ့သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia