၁၉၅၄ အာရှ အားကစားပြိုင်ပွဲ
၁၉၅၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1954 Asian Games) သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ၌ ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ရာမွန် မက်ဆေးဆေး မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၉၇၀)ဦးတို့သည် အားကစားနည်း (၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁] ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား၁၉၅၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့တွင် မနီလာမြို့ရှိ ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ် (၂၀,၀၀၀) တက်ရောက်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ မက်ဆေးဆေးက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများ![]()
ဧည့်သည်တော်များသာ စေလွှတ်ခဲ့သည့် နိုင်ငံများဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia