၁၉၅၁ အာရှ အားကစားပြိုင်ပွဲ
၁၉၅၁ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1951 Asian Games) သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ၌ ၁၉၅၁ခုနှစ် မတ်လ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ သမ္မတ ရာဂျန်ဒြာ ပရာဆတ် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၁၁)နိုင်ငံမှ အားကစားသမား (၄၈၉)ဦးတို့သည် အားကစားနည်း (၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁] ဤအားကစားပြိုင်ပွဲသည် အရှေ့ဖျား ချန်ပီယံရှစ် အားကစားပြိုင်ပွဲကို ဆက်ခံသည့် အားကစားပြိုင်ပွဲဖြစ်ကာ ၁၉၃၄ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပခဲ့သည့် အနောက်အရှ အားကစားပြိုင်ပွဲကိုလည်း ဆက်ခံသည့်ပွဲဖြစ်သည်။ မူလက ၁၉၅၀ပြည့်နှစ်တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ပြင်ဆင်မှုများ ကြာမြင့်နေသဖြင့် ၁၉၅၁ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။ ၁၉၄၉ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့ တွင် အာရှ အားကစားအဖွဲ့ချုပ် ကို ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအာရှအားကစားပြိုင်ပွဲကို ဒေလီတွင် ကျင်းပရန် ဖြစ်လာခဲ့သည်။ အားကစားပြိုင်ပွဲသို့ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှလွဲ၍ ကျန်ရှိသော လွတ်လပ်ရေးရပြီးနိုင်ငံများအားလုံးကို ဖိတ်ကြားခဲ့သည်။ ဆိုဗီယက်နှင့် ဗီယက်နမ်ကိူမူ နိုင်ငံရေးမူဝါဒကြောင့် မဖိတ်ကြားခဲ့ပေ။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်းဒေလီမြို့၏ တည်နေရာ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့နှင့် ၁၃ရက်နေ့တွင် အာရှတိုက်မှ အမျိုးသားအိုလံပစ်ကော်မတီ (၉)ခုတို့သည် အိန္ဒိယနိုင်ငံ ဒေလီမြို့ တွင် တွေ့ဆုံခဲ့ကြသည်။ ထိုအစည်းအဝေးမတိုင်မီက ၁၉၄၈ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ၁၉၄၈ လန်ဒန်အိုလံပစ် ကျင်းပရာ လန်ဒန်မြို့၌ အကြိုဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲကို အိန္ဒိယ အိုလံပစ် ကော်မတီ မှ ကိုယ်စားလှယ်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် အာရှ အားကစားအဖွဲ့ချုပ် ကို တည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ့ချုပ်ကို စတင်တည်ထောင်သော နိုင်ငံ (၅)နိုင်ငံမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင် နိုင်ငံတို့ဖြစ်ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံကိုပင် ပထမဆုံးအာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် ကျင်းပမည့် အားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြရန် အာရှနိုင်ငံများသို့ ဖိတ်ကြားခဲ့သည်။[၂][၃] အားကစားကွင်းများ၁၉၅၁ အာရှအားကစားပြိုင်ပွဲအတွက် အဓိကအားကစားကွင်းမှာ Irwin Amphitheater အားကစားပြိုင်ဝင်းဖြစ်သည်။ ထိုနေရာမှာ ၁၉၃၄ အနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် နေရာဖြစ်သည်။ ပြိုင်ပွဲမစမီတွင် ထိုအားကစားပြိုင်ဝင်းကို အမျိုးသားအားကစားကွင်း ဟု အမည်ပြောင်းခဲ့ကာ အားကစားကွင်းကိုလည်း မွမ်းမံခဲ့သည်။ ရေပိုင်းဆိုင်ရာအားကစားနည်းများမှလွဲ၍ ကျန်အားကစားနည်းအားလုံးကို ထိုကွင်းအတွင်း၌ပင် ကျင်းပခဲ့သည်။ ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၅၁အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ရောင်ခြည် (၁၆)ခု ဖြာထွက်နေသည့် နေဝန်းနီကြီးဖြစ်ကာ နေဝန်း၏အလယ်တွင် အဖြူရောင်ကွင်း ပါဝင်သည်။ အောက်တွင် ကွင်း (၁၁)ကွင်း ပါဝင်ကာ ပြိုင်ပွဲဝင်နိုင်ငံများကို ကိုယ်စားပြုသည်။ အဖြူရောင်အောက်ခံမှာ ငြိမ်းချမ်းခြင်းကို ဆိုလိုသည်။ ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများပြိုင်ပွဲဝင်နိုင်ငံများမှ လက်ဝှေ့အားကစားနည်းကို ထည့်သွင်းပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထည့်သွင်းနိုင်ခဲ့ပေ။ ပြေးခုန်ပစ်အားကစားနည်းမှလွဲ၍ ကျန်အားကစားနည်းများတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
ပါဝင်သည့်နိုင်ငံများ![]() ၁၉၅၁ အာရှအားကစားပြိုင်ပွဲသို့ အမျိုးသားအိုလံပစ်ကော်မတီ (၁၁)ခုမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီသည် အာရှနိုင်ငံအားလုံးနီးပါးသို့ ဖိတ်ကြားစာပို့ခဲ့သည်။ တရုတ်နိုင်ငံကိုလည်း ပေးပို့ခဲ့ပြီး နောက်ဆုံးရက်အထိ အကြောင်းမပြန်ခဲ့ပေ။ ပါကစ္စတန်ကမူ အိန္ဒိယနှင့် ဖြစ်ပွားနေသည့် ကက်ရှ်မီးရားဒေသကိစ္စကြောင့် ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၄၈ လန်ဒန်အိုလံပစ်အတွင်းက ကျင်းပသောအစည်းအဝေးကို တက်ရောက်ခဲ့ပြီး အားကစားသမားများစေလွှတ်ရန် သဘောတူခဲ့သော်လည်း ကိုရီးယားစစ်ပွဲကြောင့် မပါဝင်ခဲ့ပေ။ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗီယက်နမ်တို့ကိုမူ ၎င်းတို့၏ နိုင်ငံရေးမူဝါဒများကြောင့် ဖိတ်ကြားခြင်း မပြုခဲ့ပေ။ မြန်မာနိုင်ငံနှင့် အိမ်ရှင် အိန္ဒိယနိုင်ငံတို့သည် အားကစားပွဲစဉ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အီရန်နိုင်ငံသည်လည်း ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသမီးအားကစားသမားများ မပါဝင်ပေ။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia