အမျိုးသားအိုလံပစ်ကော်မတီအမျိုးသားအိုလံပစ်ကော်မတီ (အင်္ဂလိပ်: National Olympic Committee ;NOC) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ အိုလံပစ်နှင့် ဆက်စပ်အားကစားလှုပ်ရှားမှုများအတွက် သက်ဆိုင်ရာ တိုင်းပြည်တစ်ခု၏ အမျိုးသားအဆင့် အားကစားအဖွဲ့အစည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ လက်အောက်တွင်ရှိပြီး နိုင်ငံ၏ တည်နေရာဒေသကိုမူတည်၍ အစုအဖွဲ့လိုက် ဖွဲ့စည်းထားသည်။ နေရာဒေသအပေါ်လိုက်၍ အာရှအိုလံပစ်ကောင်စီ၊ ဥရောပ အိုလံပစ်ကော်မတီများ၊ အာဖရိကတိုက် အမျိုးသားအိုလံပစ်ကော်မတီများ အသင်း၊ ပန်အမေရိကန် အားကစားအဖွဲ့ချုပ်၊ သမုဒ္ဒရာပိုင်းဇုန် အမျိုးသားအိုလံပစ်ကော်မတီများ ဟူ၍ ခွဲခြားထားသည်။ အမျိုးသားအိုလံပစ်ကော်မတီများသည် မိမိတို့နိုင်ငံမှ ပြည်သူများ အိုလံပစ်အားကစားနည်းများနှင့် အားကစားပွဲများတွင် ပါဝင်လာစေရန် လုပ်ဆောင်ကြရသည်။ ထို့အပြင် အားကစားသမားများအား လေ့ကျင့်ပေးခြင်း၊ ဒေသတွင်းအဆင့် နည်းပြများအား လေ့ကျင့်ပေးခြင်းများလည်း ပြုလုပ်ရသည်။ ထို့အပြင် အိုလံပစ် အားကစားပြိုင်ပွဲအပါအဝင် မိမိတို့ နေရာဒေသအလိုက် သက်ဆိုင်ရာ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံကို မဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။ ဇုန်များနှင့် အားကစားပြိုင်ပွဲများဇုန်များအမျိုးသားအိုလံပစ်ကော်မတီများအားလုံးသည် အမျိုးသားအိုလံပစ်ကော်မတီများအသင်း ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ နေရာဒေသအပေါ်လိုက်၍ အမျိုးသားအိုလံပစ်ကော်မတီများကို တိုက် (၅) ခု ခွဲခြားထားသည်။ ထိုတိုက် (၅)ခုမှ အမျိုးသားအိုလံပစ်ကော်မတီများ စုပေါင်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားသည်။
![]() ANOCA
PASO
OCA
EOC
ONOC
တိုက်ကြီးများအရ မဟုတ်ဘဲ မိမိတို့ ဒေသအလိုက်ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ သီးသန့်ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းများလည်းရှိသည်။ ဥပမာ- အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင် ပါဝင်သော အာရပ်ကမ္ဘာရှိ တိုင်းပြည်များစုပေါင်း၍ အာရပ်ပြည်ထောင်စု အမျိုးသားအိုလံပစ်ကော်မတီများ၊ အရှေ့တောင်အာရှနိုင်ငံများ စုပေါင်း၍ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် တို့ကိုလည်း ဖွဲ့စည်းထားရှိသည်။ အားကစားပြိုင်ပွဲများအပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သည် နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကို စီစဉ်ကျင်းပကာ တိုက်အလိုက်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် တိုက်အလိုက် (သို့မဟုတ်) ဒေသအလိုက် အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပကြသည်။
ကော်မတီများ၂၀၂၀ပြည့်နှစ်တွင် အမျိုးသားအိုလံပစ်ကော်မတီများ (၂၀၆) ခုရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ (၁၉၃)ခု၊ ကုလသမဂ္ဂ လေ့လာဆဲနိုင်ငံ တစ်နိုင်ငံ (ပါလက်စတိုင်း)၊ အပြည့်အဝအသိအမှတ်ပြုမှုမရသေးသော နိုင်ငံ (၂)နိုင်ငံ (ကိုဆိုဗို နှင့် ထိုင်ဝမ်) တို့ ဖြစ်ကြသည်။ ထို့အပြင် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ နယူးဇီလန်နှင့် တရုတ်တို့ လက်အောက်ရှိ နယ်မြေများမှ (၁၀)ခု (ဂူအမ်ကျွန်း၊ ဟောင်ကောင် စသည်) တို့သည်လည်း အမျိုးသားအိုလံပစ်ကော်မတီများ ရှိကြသည်။[၁][၂] အမျိုးသားအလိုလံပစ်ကော်မတီများစာရင်း
ANOC အဖွဲ့ဝင်များသည် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ANOC အဖွဲ့ဝင်မဟုတ်ဘဲ သက်ဆိုင်ရာတိုက်များရှိ ကော်မတီအဖွဲ့ဝင်များမှသာ အသိအမှတ်ပြုထားသော ကော်မတီများသည် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ခွင့်မရဘဲ သက်ဆိုင်ရာအဖွဲ့များမှ ကျင်းပသော ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်ခွင့်ရှိသည်။ အာဖရိက (ANOCA)
အမေရိက (PASO)
အာရှ (OCA)ဥရောပ (EOC)
အိုရှန်းနီးယား (ONOC)
ကိုးကား
|
Portal di Ensiklopedia Dunia