၁၉၆၂ အာရှ အားကစားပြိုင်ပွဲ
၁၉၆၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1962 Asian Games) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ၌ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူကာနို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၁၇)နိုင်ငံမှ အားကစားသမား (၁,၄၆၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁] လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း၁၉၅၈ခုနှစ် မေလ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော အစည်းအဝေး၌ ၁၉၆၂ခုနှစ်ပွဲတော်ကို ကျင်းပမည့်နိုင်ငံအား မဲပေးရွေးချယ်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နှင့် ပါကစ္စတန်နိုင်ငံ ကရာချိမြို့တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် မတိမ်းမယိမ်းဖြင့် ဂျာကာတာက အနိုင်ရခဲ့သည်။
ပြဿနာများအင်ဒိုနီးရှားနိုင်ငံသည် ထိုစဉ်က လွတ်လပ်ရေးရသည်မှာ (၁၇)နှစ်သာ ရှိသေးပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်နိုင်ငံများ၏ တင်ပြချက်အရ အစ္စရေးနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ - ထိုင်ဝမ်) တို့ကို ပြိုင်ပွဲမှ ဖယ်ထုတ်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အစ္စရေးနှင့် အာအိုစီတို့မှ အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပေ။ ထိုအချက်များသည် အာရှအားကစားအဖွဲ့ချုပ်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံမှ မူလက ကတိပေးထားသည့် အဖွဲ့ဝင်နိုင်ငံအားလုံး (အင်ဒိုနီးရှားနှင့် သံတမန်ဆက်ဆံရေးမရှိသည့် အစ္စရေး၊ အာအိုစီ၊ ကိုရီးယားသမ္မတနိုင်ငံ တို့အပါအဝင်) ကိုဖိတ်ကြားရန် အချက်အားလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အင်ဒိုနီးရှားနိုင်ငံအား အပြစ်ပေးသည့်အနေဖြင့် ၁၉၆၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။ ထိုဒဏ်ပေးမှုကို တုံ့ပြန်မှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ဦးစီးကာ GANEFO အားကစားပြိုင်ပွဲကို ၁၉၆၃ခုနှစ်တွင် ကျင်းပခဲ့သည်။[၂] အားကစားကွင်းများအားကစားနည်းအားလုံးနီးပါးကို အသစ်တည်ဆောက်ထားသော ဂျီလိုရာ ဘန်ကာနို အားကစားကွင်း အပါအဝင် ဂျီလိုရာ ဘန်ကာနို အားကစားပြိုင်ဝင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ဝင်းကို ၁၉၅၉ခုနှစ် မေလ ၁၁ ရက်နေ့မှစ၍ စီစဉ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရန် တစ်လအလိုတွင် ပင်မအားကစားကွင်းကို တည်ဆောက်ပြီးစီးခဲ့သည်။[၃] ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများအလေးမအားကစားနည်းကို ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အစ္စရေးနှင့် တရုတ်သမ္မတနိုင်ငံတို့အား ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သောကြောင့် ကမ္ဘာ့အလေးမအဖွဲ့ချုပ်မှ ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။ ထို့ကြောင့် ထည့်သွင်းမကျင်းပခဲ့တော့ပေ။ ကြက်တောင်အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည်။
သရုပ်ပြအားကစားနည်း
ပါဝင်သည့်နိုင်ငံများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia