၁၉၇၀ အာရှ အားကစားပြိုင်ပွဲ
၁၉၇၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1970 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၀ပြည့်နှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၂,၄၀၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ၁၉၇၀ပြည့်နှစ်အတွက် မူလအိမ်ရှင်မှာ ကိုရီးယားသမ္မတနိုင်ငံဖြစ်သည်။ သို့သော် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မှ ခြိမ်းခြောက်မှုများနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့သည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်းမူလက ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ လက်ခံကျင်းပရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် တိုင်းပြည်၏ လုံခြုံရေးနှင့် ဘဏ္ဍာရေး ပြဿနာများကြောင့် ကျင်းပနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံကပင် လက်ခံကျင်းပခဲ့သည်။ ထို့ကြောင့် ဘန်ကောက်မြို့သည် အာရှအားကစားပြိုင်ပွဲ သမိုင်းကြောင်းတွင် (၂)ကြိမ်ဆက်တိုက် အိမ်ရှင်ဖြစ်ခွင့်ရသည့် ပထမဆုံးနှင့် တစ်ခုတည်းသော မြို့ဖြစ်လာခဲ့သည်။ အားကစားကွင်းများအမျိုးသားအားကစားပြိုင်ဝင်း
ဟွာမက် အားကစားပြိုင်ဝင်း
ချူလာလောင်ကွန်းတက္ကသိုလ် အားကစားပြိုင်ဝင်း
ဓမ္မသတ်တက္ကသိုလ်
အခြား (ဘန်ကောက်)
ပတ္တရား
ပွဲများနှင့်အားကစားပါဝင်သည့်နိုင်ငံများ
ဧည့်သည်တော်များသာ စေလွှတ်ခဲ့သည့် နိုင်ငံများပါဝင်သော အားကစားနည်းများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia