၁၉၇၄ အာရှ အားကစားပြိုင်ပွဲ
၁၉၇၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1974 Asian Games) သည် အီရန်အင်ပါယာနိုင်ငံ၊ တီဟီရန်မြို့ ၌ ၁၉၇၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အီရန်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် ရယ်ဇာမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၀၁၀)ဦးတို့သည် အားကစားနည်း (၁၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အာရီမဲ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ အီရန်အင်ပါယာ၊ တရုတ်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ အာရှအားကစားပြိုင်ပွဲကို အရှေ့အလယ်ပိုင်းတိုင်းပြည်၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အားကစားပွဲစဉ်များကို ကမ္ဘာတစ်ဝန်း ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် အားကစားပွဲစဉ်များအတွက် ခေတ်မီနည်းပညာများ အသုံးပြုလာခဲ့ကြသည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း
၁၉၇၄ အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီကို ဝန်ကြီးချုပ် Amir-Abbas Hoveyda က ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။ အားကစားကွင်းများ![]() အာရီမဲ အားကစားကွင်း အပါအဝင် အားကစားပြိုင်ဝင်းကြီးကို ဆောက်လုပ်ခဲ့ပြီး ၁၉၇၁ခုနှစ် ဧပြီ ၁ရက်နေ့တွင် ပြီးစီးခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များ![]() ![]() ![]() ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား![]() ![]() ၁၉၇၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၇၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် အာရီမဲအားကစားကွင်း၌ ကျင်းပခဲ့သည်။ အီရန်ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ၊ ဝန်ကြီးချုပ် Amir Abbas Hoveida၊ အစိုးရအဖွဲ့ဝင်များ၊ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဧဖရိန်ကတ်ဇာ၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ပတ်ချုန်ဟီး၊ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် တို့အပါအဝင် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ ပရိသတ် ၁၀၀,၀၀၀ နီးပါး တက်ရောက်ခဲ့သည်။ အီရန်ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ က အားကစားပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထူးခြားချက်အနေဖြင့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသားများ၏ ကတ်ပြားများဖြင့် ပုံဖော်သည့် အစီအစဉ် ပါဝင်ခဲ့သည်။[၁] ပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများ
ဆုတံဆိပ်ဇယား![]()
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia