၂၀၀၂ အာရှ အားကစားပြိုင်ပွဲ
၂၀၀၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2002 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ ၌ ၂၀၀၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ကျင်းပခဲ့သော ၁၄ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၈၆ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ကင်ဒေးဂျုံမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၄၄)နိုင်ငံမှ အားကစားသမား (၇,၇၁၁)ဦးတို့သည် အားကစားနည်း (၃၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူဆန်အာရှ ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ဘူဆန်မြို့သည် တောင်ကိုရီးယားနိုင်ငံတွင် ဆိုးလ်မြို့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဒုတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ အားကစားပွဲတော်ကို အနီးအနားရှိမြို့များဖြစ်ကြသည့် အောလ်ဆန်မြို့၊ ချန်ဝမ်မြို့၊ မာဆန်မြို့နှင့် ယန်ဆန်မြို့များတွင်လည်း ခွဲဝေ ကျင်းပခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ရွှေတံဆိပ် (၉၅)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ရေကူးအားကစားသမား Kosuke Kitajima သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း၁၉၉၅ခုနှစ် မေလ ၂၃ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပသော အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံမှ ဘူဆန်မြို့အား တရုတ် (တိုင်ပေ) မှ ကောင်းရှုံမြို့ထက်ပို၍ မဲပေးခဲ့ကြသည်။ ၄၁မဲတွင် ၃၇မဲသည် ဘူဆန်အား မဲပေးခဲ့ကြသည်။ မဲကွာခြားမှု များခဲ့သဖြင့် ထိုင်ဝမ်က ၎င်းတို့အနေဖြင့် စိတ်ပျက်ကြောင်းနှင့် တရုတ်ပြည်မကြီး၏ ဖိအားပေးမှုကြောင့် ဘူဆန်အားရွေးချယ်ခဲ့ကြခြင်းဟု တိုင်ကြားခဲ့သည်။ သို့သော် အာရှအိုလံပစ်ကောင်စီက ထိုအချက်ကို ငြင်းဆိုခဲ့သည်။[၂][၃][၄]
အားကစားကွင်းများပြိုင်ပွဲအတွက် (၄၂)နေရာ အသုံးပြုခဲ့ပြီး ၎င်းတို့အနက် အာရှအားကစားရုံစုအပါအဝင် (၁၂)နေရာကို အသစ်ဆောက်ခဲ့သည်။[၅][၆]
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အရှေ့ပင်လယ်ရေလှိုင်းများကို ကိုရီးယားသမ္မတနိုင်ငံအလံမှ Taegeuk ပုံစံ ဖော်ထားသည်။ ၎င်းတို့သည် ဘူဆန်မြို့နှင့် ကိုရီးယားကို ကိုယ်စားပြုသည်။ လာဘ်ကောင်၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ဘူဆန်မြို့၏ အထိမ်းအမှတ်ငှက်ဖြစ်သော Duria ဟု အမည်ရသည့် ပင်လယ်ဇင်ယော်ဖြစ်သည်။ ထိုအမည်သည် Durative နှင့် Asia ဟူသောစကားလုံး နှစ်ခုမှ ပေါင်းစပ်ထားခြင်းဖြစ်ကာ မင်းနဲ့ငါ အတူတကွ (သို့မဟုတ်) ထာဝရအာရှ ဟု ဖော်ညွှန်းသည်။ ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၀၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင် ဘူဆန်အာရှပင်မအားကစားကွင်း၌ ကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများမှ အားကစားသမားများသည် ကိုရီးယားဘာသာစကား အက္ခရာစဉ်အတိုင်း အစဉ်လိုက် ဝင်ရောက်လာခဲ့ကြသဖြင့် နီပေါနိုင်ငံမှ ပထမဆုံး ချီတက်ဝင်ရောက်လာခဲ့သည်။ အာရှအားကစားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအနေဖြင့် တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံသည် တစ်ခုတည်းသောအလံအောက်မှ ချီတက်လာခဲ့ကြသည်။ ဤသည်မှာ ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ သမ္မတ ကင်ဒေးဂျုံမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၀၂ခုနှစ် အောက်တိုဘာ ၁၄ရက်နေ့တွင် ဘူဆန်အာရှပင်မအားကစားကွင်း၌ ကျင်းပခဲ့သည်။ အာရှအိုလံပစ်ကောင်စီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ၂၀၀၆ပွဲတော်ကို လက်ခံကျင်းပမည့် ကာတာနိုင်ငံ ကိုလည်း အာရှအိုလံပစ်ကောင်စီအလံကို လွှဲပြောင်းပေးခဲ့သည်။ ပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများအာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် (၄၄)နိုင်ငံ ပါဝင်ခဲ့ကြသည်။ အရှေ့တီမောနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ အာဖဂန်နစ္စတန်နိုင်ငံသည်လည်း ပြန်လည် ပါဝင်လာခဲ့သည်။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia