၁၉၉၈ အာရှ အားကစားပြိုင်ပွဲ
၁၉၉၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1998 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၉၈ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၈ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။[၁] နိုင်ငံ (၄၁)နိုင်ငံမှ အားကစားသမား (၆,၅၅၄)ဦးတို့သည် အားကစားနည်း (၃၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ဘန်ကောက်မြို့သည် သမိုင်းတစ်လျှောက်တွင် အာရှအားကစားပြိုင်ပွဲကို လေးကြိမ်တိုင်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ရွှေတံဆိပ် (၂၄)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ပြေးခုန်ပစ်အားကစားသမား Koji Ito သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း၁၉၈၉ခုနှစ်တွင် ထိုင်ဝမ်မှ ထိုင်ပေမြို့၊ အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာမြို့နှင့် ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့တို့သည် အိမ်ရှင်နေရာအတွက် လျှောက်ထားခဲ့ကြသည်။ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၇ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်မြို့အား မဲပေးရွေးချယ်ခဲ့ကြသည်။ ထိုစဉ်က အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် (၃၇)နိုင်ငံက မဲပေးခဲ့ကြပြီး ဘန်ကောက်မြို့က အနိုင်ရရှိခဲ့သည်။[၂]
အားကစားကွင်းများရာဇမင်္ဂလာအမျိုးသားအားကစားကွင်း တည်ဆောက်ခြင်းအပါအဝင် အားကစားကွင်းများ တည်ဆောက်ခြင်း၊ အားကစားရွာများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၁၆၇သန်း အသုံးပြုခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာ အေ ကို အခြေခံထားသည်။ အေသည် အာရှနှင့် အားကစားသမားများကို ကိုယ်စားပြုသကဲ့သို့ ရေးဆွဲထားသော ပုံစံအရ အပေါ်ရှိ စေတီ ပုံသဏ္ဌာန်ကြောင့် အေ မှာ ထိုင်းနိုင်ငံကိုလည်း ကိုယ်စားပြုသည်။ ၎င်း၏ အပေါ်ပိုင်းရှိ စေတီ သို့မဟုတ် ဘုရား၏ အထွတ်အထိပ်မှာ ထိုင်းဘိုးဘွားဘီဘင်တို့၏ အသိပညာ၊ စွမ်းအားနှင့် အားကစားစွမ်းရည်တို့ကို ရည်ညွှန်းသည်။ ထိပ်ဆုံးတွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီး ပါဝင်သည်။[၃] လာဘ်ကောင်၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ချိုင်ယို ဟုခေါ်သော ဆင်ဖြစ်သည်။ ထိုင်းဘာသာစကားအရ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှု၊ အောင်မြင်မှု၊ စည်းလုံးမှုဟု အဓိပ္ပါယ်ရသော စကားစုဖြစ်သည်။ ဆင်များသည် ထိုင်းနိုင်ငံတွင် ခေတ်အဆက်ဆက် လူများနှင့် အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၏ ရတနာတစ်ပါးလည်းဖြစ်သည်။[၄] ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၉၈ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများမှ အားကစားသမားများသည် ထိုင်းဘာသာစကား အက္ခရာစဉ်အတိုင်း အစဉ်လိုက် ဝင်ရောက်လာခဲ့ကြသည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၁၉၉၈ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ တေးသံရှင်များ၏ အကြိုဖျော်ဖြေတင်ဆက်မှုများ၊ ယဉ်ကျေးမှုအဖွဲ့များ၏ ဖော်ဖြေတင်ဆက်မှုများ ပြီးနောက် အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်း တက်ရောက်ခဲ့သည်။ ပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများအာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ဘာသာရေးနှင့် သက်ဆိုင်သော ကာလဖြစ်သဖြင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထိုအချိန်သည် ဆော်ဒီနန်းတော်မှ စိန်ပြာများအပါအဝင် နန်းစဉ်ရတနာများကို ထိုင်းနိုင်ငံသား နန်းတော်ဝန်ထမ်းတစ်ဦးက ခိုးယူခဲ့မှူဖြစ်စဉ်၏ နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ဆော်ဒီအာရေဗျနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်ရေးရာ ဆက်ဆံမှု တင်းမာနေချိန်ဖြစ်သည်။ ဝင်ရောက်မယှဉ်ပြိုင်သော်လည်း ဖွင့်ပွဲအခမ်းအနားတွင်မူ ချီတက်ဝင်ရောက်ခဲ့သည်။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia