Type 001A လေယာဉ်တင်သင်္ဘော
Type 001A လေယာဉ်တင်သင်္ဘောသည် တရုတ် လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်ပြီး ၂၆ ဧပြီလ ၂၀၁၇ တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)တွင် အသုံးပြုရန် ရေချ၍ တပ်တော်ဝင်ခဲ့သည်။ ဤလေယာဉ်တင်သင်္ဘောသည် တရုတ်နိုင်ငံအတွက် လေယာဉ်တင်သင်္ဘော လျောင်နင်း ပြီးလျှင် ဒုတိယမြောက် ပိုင်ဆိုင်ခဲ့သော သင်္ဘောတစ်စင်းဖြစ်ပြီး ပြည်တွင်းတွင် တည်ဆောက်ခဲ့သော ပထမဆုံးသော လေယာဉ်တင်သင်္ဘောဖြစ်သည်။ ရေယာဉ်တည်ဆောက်ခြင်းလေယာဉ်တင်သင်္ဘောကို တလျန်မြို့တွင် China Shipbuilding Industry Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ [၄] အစိုးရသတင်းဌာနတစ်ခုဖြစ်သော ရှင်ဟွာ သတင်းဌာနအဆိုအရ ကနဦးရေယာဉ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး သင်္ဘောကိုယ်ထည်ကိုတော့ မတ်လ ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့သည်။[၄] တရုတ်အစိုးရအနေဖြင့် အလုံးစုံပြီးစီးမှုမတိုင်မီ သင်္ဘောအားတည်ဆောက်နေမှုကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ အစောပိုင်းသင်္ဘောကိုယ်ထည်တပ်ဆင်နေမှုကို စစ်သုံးဂြိုဟ်တုဓာတ်ပုံများအရ မတ်လ ၂၀၁၅ ခုနှစ်တွင် သိရှိခဲ့ရသည်။ နောက်တစ်လအကြာတွင် အင်တာနက်ပေါ်တွင် တလျန်သင်္ဘောကျင်းရှိ စစ်ဘက်တွင်အသုံးပြုမည့် ပုံစံဝိသေသများနှင့် သင်္ဘောကိုယ်ထည်၏ ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။[၅][၆] ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် သင်္ဘောကိုယ်ထည်ပေါ်၌ လေယာဉ်သိုလှောင်ရုံများတည်ဆောက်သောအခါတွင် သင်္ဘော၏အဆင့်အတန်းကို ဖော်ပြနိုင်မည့် လက္ခဏာများ ထွက်ပေါ်လာခဲ့သည်။[၆] ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်တွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထိုသင်္ဘောသည် လေယာဉ်တင်သင်္ဘောဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး တည်ဆောက်ဆဲရှိသည်ဟု ပြောကြားခဲ့သည်။[၇] လေယာဉ်များပျံတက်ရန်အတွက် ဆင်ခြေလျှောသဏ္ဌာန်( ski jump takeoff ramp) တပ်ဆင်ပြီးသောအခါ သင်္ဘောကိုယ်ထည်တည်ဆောက်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် မေလတွင် ပြီးဆုံးခဲ့သည်။[၈] ရေယာဉ်တည်ဆောက်မှုဆိုင်ရာ ဗိသုကာပုံစံ![]() ယခုသင်္ဘော၏ဒီဇိုင်းပုံစံသည် ယခင်တည်ဆောက်မပြီးစီးခဲ့သော ကုဇညှက်ဇော့ အမျိုးအစား သင်္ဘောကို ပြန်လည်တည်ဆောက်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော လျောင်နင်းအား များစွာအခြေပြုဆွဲခဲ့သော ဆိုဗီယက်ယူနီယံ၏ ကုဇညှက်ဆော့ဗ် လေယာဉ်တင်သင်္ဘော အမျိုးအစားဖြစ်သည်။[၉][၁၀] လျောင်နင်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မျှ ပြုပြင်အဆင့်မြင့်တင်ထားခဲ့ရာ ရေဒါများအဆင်မြှင့်တင်ခြင်း[၁၀]၊ ခဲယမ်းနှင့် လောင်စာဆီ သိုလှောင်နိုင်မှု ပမာဏတိုးမြှင့်ခြင်း၊ လျောင်နင်းထက်ပိုမို၍ လေယာဉ်များ ပိုမိုသယ်ဆောာင်နိုင်ခွင့်ရှိခြင်းတို့ ပါဝင်သည်။ (ခန့်မှန်း ၃၀ နှင့် ၄၀ ကြားရှိ ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ် သယ်ဆောင်နိုင်)[၈][၁၁] သင်္ဘော၏ အလျားသည် ၃၁၅ မီတာ (၁,၀၃၃ ပေ) ရှိပြီး သင်္ဘော၏ ဆံနိုင်စွမ်းမှာ ၅၀,၀၀၀ တန် (ဝန်နှင့် ၇၀,၀၀၀)ရှိသည်။[၁၂][၁၁] သင်္ဘောအား သမာရိုးကျ ဆီကို အပူပေးသော ဘွိုင်လာများအသုံးပြု၍ ရေနွေးငွေ့တာဘိုင်အား အပူပေးခြင်းဖြင့် လှည်ပတ်သည်ဟု ယူဆရသည်။[၉] သင်္ဘောတွင် လေယာဉ်များပျံတက်ရန်အတွက် အပေါ်သို့ ကွေးထားသော ဆင်ခြေလျှောသဏ္ဌာန် အသုံးပြုပျံသန်းခြင်း(Ski-jump) ဖြင့် ပျံသန်းရန် ပြုလုပ်ထားပြီး ထိုသို့သော ပျံတက်ခြင်းသည် ရဟတ်ယာဉ်များနှင့် Shenyang J-15 တိုက်ခိုက်ရေးလေယာဉ်များသာ ပျံတက်နိုင်ရန် ကန့်သတ်ထားသောကြောင့် နောင်တွင် တရုတ်လေယာဉ်တင်သင်္ဘောများအား ပိုမိုကြီးမားသော လေယာဉ်များ ပျံသန်းနိုင်ရန် ရည်ရွယ်၍ လောက်လွဲများ(catapult) အသုံးပြုရန် စီစဉ်ထားကြသည်။[၈][၁၃] ကိုးကား
|
Portal di Ensiklopedia Dunia