UY Scuti
ကိုဩဒိနိတ်: ![]() UY Scuti သည် ဧရာမ ကြယ်နီတစ်စင်းဖြစ်ပြီး ပြောင်းလဲနေသော ကြယ်တစ်စင်းဖြစ်သည်။ ယင်းသည် စကူးတန် ကြယ်စုတန်းထဲတွင်တည်ရှိသည်။ ၎င်းသည် အချင်းဝက်အကြီးဆုံး ကြယ်များအနက် တစ်ခုဖြစ်သည်။ တွက်ချက်မှုအရ ယင်း၏အချင်းဝက်မှာ ပျမ်းမျှအားဖြင့် နေအချင်းဝက်၏ အဆ ၁၇ဝ၈ ရှိသည်။ သို့မဟုတ် ၂.၄ ဘီလီယံ ကီလိုမီတာ (၁.၅ ဘီလီယံမိုင်) ဖြစ်ပြီး ထုထည်သည် နေ၏ အဆပေါင်း ၅ ဘီလီယံ ရှိသည်။ ယင်းသည် ကမ္ဘာမှ ၂.၉ kiloparsecs (အလင်းနှစ် ၉၅ဝဝ) ကွာဝေးသည်။ နေအဖွဲ့အစည်းအား ယင်းထဲသို့ ထည့်လိုက်ပါက ယင်း၏ ဖိုတိုစဖီးယားသည် ဂျူပီတာဂြိုဟ်ပတ်လမ်းထိ ထိုးထွက်နေမည်ဖြစ်သည်။ အချင်းဝက်အား မသိရသော်လည်း စနေဂြိုဟ်ပတ်လမ်းထိ ရှည်လျားနိုင်သည်။ လေ့လာမှုUY Scuti အား ၁၈၆ဝ ခုနှစ်တွင် ဂျာမန် နက္ခတ္တပညာရှင်တို့မှ ဗွန်စောင့်ကြည့်ရေးစခန်းမှ လေ့လာတွေ့ရှိခဲ့သည်။ ယင်းအား BD -12 5055 ဟုအမည်ပေးခဲ့ပြီး တောင်ဘက်ကောင်းကင် ၁၂ ဒီဂရီနှင့် ၁၃ ဒီဂရီကြားတွင် ၅ဝ၅၅ ခုမြောက်ကြယ်တစ်စင်းဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင် လေ့လာမှုအား ထုတ်ပြန်ခဲ့သည်။ ဒုတိယအကြိမ် စောင့်ကြည့်လေ့လာရာ ယင်းသည် အနည်းငယ်တောက်ပသဖြင့် ပြောင်းလဲနေသောကြယ် (Variable Star) တစ်စင်းဟု အကြံပေးခဲ့သည်။ ပြောင်းလဲနေသောကြယ်များအား နိုင်ငံတကာစံချိန်များအရ UY Scuti ဟုအမည်တွင်စေပြီး ကြယ်စုတန်း Scutum တွင်ယင်းသည် ၃၈ ခုမြောက် ပြောင်းလဲနေသောကြယ်ဖြစ်သည်။ ကောင်းမွန်သော ပတ်ဝန်းကျင်အနေအထားတွင် UY Scuti အား နဂါးငွေ့တန်းကြယ်စုထဲမှကြယ်မှုန်များကြား တယ်လီစကုပ်အငယ်စား သို့မှမဟုတ် မှန်ပြောင်းကြီးများဖြင့် မြင်တွေ့နိုင်ပေသည်။ ကြယ်သည် အင်မတန်တောက်ပသော်လည်း ကမ္ဘာမြေမှကြည့်လျင် အလင်းပြကိန်း ၁၁ ထိသာမြင်နိုင်ပေသည်။ ဂုဏ်သတ္တိအရွယ်အစားကြီးမားသော်လည်း UY Scuti အား ဟိုက်ပါဂျိင်ယန့် (hypergiant) အဖြစ် မသတ်မှတ်ပေ။ တောက်ပမှုနှင့်အရွယ်အစား ကြီးမားခြင်းဖြင့် ဟိုက်ပါဂျိင်းယန့်အဖြစ်သတ်မှတ်ရန် မလုံလောက်ပေ။ ထို့ကြောင့် ယင်းအား ဆူပါကြယ်နီကြီး(red supergiant) အဖြစ်သာ သတ်မှတ်သည်။ အရွယ်အစား![]() 1. မာကျူရီဂြိုဟ် < အင်္ဂါဂြိုဟ်< ဗီးနပ်စ်ဂြိုဟ် < ကမ္ဘာ ထုထည်UY Scuti ၏ထုထည်သည် မသေချာပေ။ အဘယ့်ကြောင့်ဟူမူ ယင်းနှင့်အဖော်ကြယ်တစ်စင်းကို မမြင်ရသောကြောင့်ဖြစ်သည်။ အဖော်ကြယ်ရှိပါက ဒြပ်ဆွဲအားသက်ရောက်မှုဖြင့် ယင်း၏ထုထည်အား တိုင်းတာနိုင်သည်။ UY Scuti သည် အကြီးမားဆုံး ကြယ်များထဲတွင် ပါဝင်ပြီး နာမည်ကြီး ဘီတယ်ဂျူးစ်ထက် ၁.၇ ဆ ပိုမိုကြီးမားသည်။ ကြယ်သည် အင်မတန်ကြီးမားလှသဖြင့် ကမ္ဘာသည် ၈ လက်မရှိသော ဘောလုံးအရွယ်၊ နေသည် ၇၃ ပေ အချင်းရှိသည်ဟု ယူဆပါက UY Scuti သည် ဧဝရတ်တောင်ထက် ၄ ဆ ပိုမြင့်သည့် ပေ ၁၂၅၀၀၀ အရွယ်ရှိပေမည်။[ကိုးကားချက်လိုသည်] အရိုးရှင်းဆုံး ဆိုရပါမူ အရာဝတ္ထုတစ်ခုသည် အလင်း၏ အလျင်ဖြင့် ယင်းကြယ်အနားသို့ တစ်ပတ်လှည့်ရန် ၇ နာရီကြာမြင့်မည်ဖြစ်ပြီး နေကို တစ်ပတ်လှည့်ရန်မူ ၁၄.၅ စက္ကန့်သာ ကြာမြင့်မည်ဖြစ်သည်။[၇] ဆူပါနိုဗာယခုလက်ရှိ ကြယ်တာရာ ဆင့်ကဲ့ပြောင်းလဲမှုအားအခြေခံကာ UY Scuti သည် ပင်မအူတိုင်တွင် ဟီလီယမ်လောင်စာအဖြစ် လောင်ကျွမ်းခဲ့ပြီးဖြစ်သည်။ UY Scuti ၏ တည်နေရာသည် အင်မတန်အင်အားပြင်းသော တွန်းကန်မှုရှိရာ သက်တမ်းလည်း တိုတောင်းမည်ဖြစ်သည်။ နောင်နှစ်ပေါင်း တစ်သိန်းခန့်တွင် UY Scuti သည် ယင်း၏ ပင်မအူတိုင်မှ လက်တီယမ် ကာဗွန် အောက်ဆီဂျင် နီယွန်နှင့် ဆီလီကွန်တို့အား လောင်ပေလိမ့်မည်။ ဒြပ်ဆွဲအားနှင့် ထုထည်တို့ မတည်မငြိမ်ဖြစ်လာပြီးနောက် ပင်မအူတိုင်ပြိုလဲသော ဆူပါနိုဗာအဖြစ် ကျဆင်းသွားပေမည်။ အပူချိန်သည် အဝါရောင် ဟိုက်ပါဂျိင်းယန့်အဖြစ် အဆုံးသတ်သွားဖွယ်ရှိသည်။ အခြားကြည့်ရန်ကျမ်းကိုး
|
Portal di Ensiklopedia Dunia