နက်ပကျွန်းဂြိုဟ်နက်ပကျွန်းဂြိုဟ်(အင်္ဂလိပ်: Neptune) သို့မဟုတ် ကေတုဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အဋ္ဌမမြောက် ဂြိုဟ်ဖြစ်ပြီး နေမှ အဝေးဆုံးဖြစ်သည်။
နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အမြားနှင့် ဖွဲ့စည်းထားသော ဂြိုဟ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုဟ်ဖြစ်သည်။ ကမ္ဘာထက် ၁၇ ဆမျှပိုလေးပြီး ယူရေးနပ်စ်ဂြိုဟ်ထက်အနည်းငယ်မျှ ပိုလေးသည်။ နက်ပကျွန်းဂြိုဟ်သည် ဂရိနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ ဖွဲ့စည်းပုံ![]() နက်ပကျွန်းဂြိုဟ်၏လေထု (ဂြိုဟ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုဟ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။[၉] နက်ပကျွန်းဂြိုဟ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုဟ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုဟ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။ နက်ပကျွန်းဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည်ဟု တိုင်းတာရရှိသည်။[၁၀] နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုမိုကြီးမားသော်လည်း ဂျူပီတာဂြိုဟ်၏ ၁၉ ပုံတစ်ပုံသာ ရှိသည်။[၁၁] ရှာဖွေတွေ့ရှိမှု![]() အချို့သော အစောဆုံး မှတ်တမ်းများအား တယ်လီစကုပ်များမှ ပြုလုပ်ခဲ့သည်။ ၁၆၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂယ်လီလီယိုမှ မှတ်တမ်းတင်ခဲ့သည်။ သူသည် ကြယ်တစ်စင်းနှင့် နက်ပကျွန်းဂြိုဟ်အား မှားယွင်းခဲ့ဟန်တူသည်။ နက်ပကျွန်းဂြိုဟ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုဟ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုဟ်ဖြစ်သည်။[၁၂] ဂြိုဟ်ရံလများ![]() နက်ပကျွန်းဂြိုဟ်တွင် ဂြိုဟ်ရံလ ၁၄ စင်းရှိသည်။ [၄][၁၃] ထရီတွန် (Triton)သည် အကြီးဆုံးဖြစ်ပြီး ထိုဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ဝီလီယံ ဟာရှယ်ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တချိန်တုန်းကမူ ကျူးပါး ခါးပတ်ထဲမှ ဂြိုဟ်သိမ်ဟု သတ်မှတ်ခဲ့နိုင်ကောင်းပါသည်။[၁၄] ၁၉၈၉ ခုနှစ်တွင် ထရိုင်တွန်သည် ကမ္ဘာမြေနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိခဲ့သည်။ ထရိုင်တွန်သည် နောင်နှစ်ပေါင်း ၃.၆ ဘီလီယံအကြာတွင် ကျိုးကြေပျက်စီးသွားမည်ဖြစ်သည်။][၁၅] ထရိုင်တွန်၏ ပတ်လမ်းမှာ အခြားသာမန်ဂြိုဟ်ရံလများနှင့်ဆန့်ကျင်ဘက် ပတ်လမ်းအတိုင်း ၂၃ ဒီဂရီတိမ်းစောင်းလျက် နက်ပကျွန်းဂြိုဟ်အား လှည့်ပတ်နေသည်။ ထရိုင်တန်သည် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရံလနှင့် ပလူတိုဂြိုဟ်သိမ်ထက်ပင် ကြီးမားသည်။ နက်ပကျွန်းဂြိုဟ်၏ အခြားဒုတိယအကြီးဆုံးဂြိုဟ်ရံလမှာ နီရီး (Nereid) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗွိင်ယေဂျာ ၂ မှ တွေ့ရှိခဲ့သည်။ နီးရီးဂြိုဟ်ရံလသည် ထရိုင်တွန်၏ ဝ.၂၅ ရာခိုင်နှုန်းသော ထုထည်သာ ရှိသည်။ အခြားသော ပုံစံမမှန်သော အတွင်းဘက်ဂြိုဟ်ရံလများအား ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးနှင့် အသေးငယ်ဆုံးသော ဂြိုဟ်ရံလကိုမူ ၂ဝ၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိအခြေနေ![]() ယူရေးနပ်ဂြိုဟ်သည် သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်တစ်စင်းကသာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။ တစ်ခါတုန်းက နတ်ပကျွန်းမှာ အလွန်ကြီးမားတဲ့မုန်တိုင်း "မဟာမှောင်မဲသောအစက်"ဟု လူသိတဲ့မုန်တိုင်းကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်က ၁၉၈၉ ခုနှစ်မှာ တွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမှောင်စက်ကြီးအား ၁၉၉၄ ခုနှစ်တွင် မြင်ခဲ့ရသည် မဟုတ်ပါ။ ထိုအချိန်နောက်ပိုင်းကတည်းက အသစ်သော အစက်များကိုလည်း မြင်ခဲ့ရသည်။ အဘယ်ကြောင့် အမည်းစက် ပျောက်ကွယ်ခဲ့သည်ကိုမူ မသိရပေ။ နာဆာ၏ အနာဂတ်အာကာသယာဉ်များက နက်ပကျွန်းဂြိုဟ်အကြောင်း ပိုမိုသိရှိရန် အကြံပေးထားသည်။ ကိုးကားချက်များ
အခြား ကြည့်ရန်ပြင်ပ လင့်
|
Portal di Ensiklopedia Dunia