ကိုကိုကြီး (စီးပွားရေးလုပ်ငန်းရှင်)
ဦးကိုကိုကြီး(ခ)ဦးစိုးနိုင် (၁၉၆၃ဖွား) [၁] သည် တရုတ်နွယ်ဖွား မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။သူသည် အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ လည်းဖြစ်သည့်အပြင် [၂] မြန်မာနိုင်ငံသားများဘဏ် ၏ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသည်။[၃] သူ၏ အဓိကစီးပွားရေးမှာ အစားအသောက်၊ လက်လီ၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နေသော Capital Diamond Star Group ဖြစ်သည်။ [၄] ငယ်ဘဝနှင့်ပညာရေးဖခင်ဖြစ်သူ လီစိန်ကြည် (ခ) ဦးစိန်မြင့် နှင့် မိခင်ဖြစ်သူ ဒေါ်စန်းကြူ [၅] တို့က မန္တလေးမြို့ တွင် သူ့အား မွေးဖွားသည်။မွေးချင်း ၄ဦး အနက် အငယ်ဆုံးသား ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် မန္တလေးမြို့ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း မှ ဆယ်တန်းအောင်သည်။၁၉၈၂ ခုနှစ်တွင် မန္တလေးဒေသကောလိပ် ပြီးဆုံးကာ မန္တလေးဆေးတက္ကသိုလ် မှ ၁၉၈၇ ခုနှစ် တွင် ဆရာဝန်ဘွဲ့ ရသည်။ [၆] စီးပွားရေးလောကသို့ဝင်ရောက်လာပုံသူသည် မိဘများ၏ ကြွယ်ဝချမ်းသာမှုကို အခြေခံပြီး မိသားစုစီးပွားရေးမှ တဆင့် စီးပွားရေးလောကထဲ သို့ ၁၉၉၆ ခုနှစ်က စပြီး ဝင်ရောက်လာသည်။သူသည် ၁၉၉၆ ခုနှစ် တွင် ဒုံးပျံဂျုံမုန့် မှတဆင့် ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေး၊ Capital ဈေးဝယ်စင်တာ၊ g&g စတိုးဆိုင် နှင့် ဘဏ်လုပ်ငန်းများ အထိ လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။ သူသည် ယခင်တပ်မတော်အစိုးရအဖွဲ့ မှ စစ်ဗိုလ်ချုပ် အချို့ အပါအဝင် အုပ်ချုပ်သူအဆက်ဆက် နှင့် ရင်းနှီးကျွမ်းဝင်အောင် နေထိုင် [၇] ဆောင်ရွက်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် ၏ အမျိုးသားစီးပွားရေးနှင့်လူမှုအကြံပေးကောင်စီတွင်လည်း အကြံပေးအဖွဲ့ဝင် အဖြစ် ၂၀၁၂ခုနှစ် မှ ၂၀၁၆ မတ်လ အထိ ခန့်အပ်ခြင်း ခံရသည်။[၈] သူသည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ အဆောက်အအုံနှင့် မြေကွက်အများဆုံး ရောင်းချသော လေလံတွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်း ရှင်စောပုရပ်ကွက်ရှိ ပဒုမ္မာကဇာတ်ရုံကို ကျပ်သန်းပေါင်း ၅၆,၀၀၀ ကျော်ဖြင့် လေလံအောင်ခဲ့သည်။ သို့သော် ထိုစဉ်အခါက အစိုးရက ပဒုမ္မာကဇာတ်ရုံကို ပုဂ္ဂလိကသို့ မပေးတော့ဘဲ လေလံကို ပြန်လည်ပယ်ဖျက်ခဲ့သည်ဟု ဆိုသော်လည်း[၉] ၂၀၁၅ တွင်မူ အရောင်းအဝယ်စာချုပ်ကို ခွင့်ပြုပေးခဲ့သည်။ သူသည် ၂၀၂၀ ခုနှစ်တွင် ထိုမြေနေရာအား ဂရမ်လျှောက်သည်။ [၁၀] ၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူအဓိကပိုင်ဆိုင်သည့် မြန်မာနိုင်ငံသားများဘဏ် က ကျပ်သန်းပေါင်း ၅၀၀၀တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့ရာ လူထုပိုက်ဆံဖြင့် စစ်ကောင်စီ ဘဏ္ဍာတိုက်ကို ဖြည့်ပေးနေသည့် ဘဏ်လုပ်ငန်းရှင်သူဌေးတစ်ဦး အဖြစ် ပုံဖော် ဝေဖန်ခြင်းခံရသည်။ [၁၁] [၁၂] ရရှိခဲ့သော ဆုတံဆိပ်များသူဦးဆောင်သည့် Capital Diamond Star Group သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁၃] မိသားစုဘဝသူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မိုးမိုး ဖြစ်ကာ နှင်းရတနာဦး၊ဟိန်းထက်နှင့်ဇွဲလင်းထက် ဆိုသည့် သားသမီး(၃)ဦး ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia