ချွတ်ပြင် အစုအပြုံလိုက် သတ်ဖြတ်မှု
ချွတ်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် မြန်မာ တပ်မတော် (ကြည်း)နှင့် လက်နက်ကိုင်များ၏ သတ်ဖြတ်မှုဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချွတ်ပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်သော အသက်ရှင်ကျန်ရစ်သူများထံမှ မုဒိမ်းမှု နှင့် သတ်ဖြတ်ခြင်းဆိုင်ရာ မှတ်တမ်းများကို အသေးစိတ်ဖော်ပြသည့် အစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် ယင်းဖြစ်ရပ်သည် ထင်ရှားလာခဲ့သည်။[၃][၄] နောက်ခံရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး ကမ္ဘာပေါ်တွင် နှိပ်စက်ညှဉ်းပန်းမှုအရှိဆုံး လူနည်းစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။[၅][၆][၇] မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နှိပ်စက်ညှဉ်းပန်းမှုသည် ၁၉၇၀ ဆယ်စုနှစ်ကတည်းက ဖြစ်သည်။[၈] ထိုအချိန်မှစ၍ ရိုဟင်ဂျာလူမျိုးများသည် အစိုးရနှင့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင် များ၏ နှိပ်စက်ညှဉ်းပန်းမှုရာ ပစ်မှတ်အနေဖြင့် ဖြစ်လာခဲ့သည်။ နိုင်ငံတွင်းရှိ ဘာသာရေးအုပ်စုအမျိုးမျိုးကြား တင်းမာမှုများအပေါ် ယခင်စစ်အစိုးရများက မကြာခဏ အမြတ်ထုတ်လေ့ရှိသည်။ [၅] နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ ရိုဟင်ဂျာများသည် လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်က စစ်အာဏာရှင်များလက်ထက်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံစားခဲ့ရပြီး ရလဒ်အနေဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများအပြားထွက်ပြေးခဲ့ကြသည်။[၉] ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများ နေရပ်ပြန်ရေးတွင် အကူအညီပေးခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များသည် ယင်းကြိုးပမ်းမှုကို ခြိမ်းခြောက်ခဲ့သည်။[၁၀] ၂၀၁၂ ခုနှစ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ်က ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ၁၄၀,၀၀၀ ခန့် ကျန်ရှိနေခဲ့သည်။[၁၁] ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) မှ လုံခြုံရေး တပ်ဖွဲ့ဝင် များအား အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာ အစိုးရမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ချွတ်ပြင်ရွာတွင် အပါအဝင် ပြုလုပ်ခဲ့သည်။[၁၂] အစုအပြုံလိုက် သတ်ဖြတ်မှု၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ARSA ၏ တိုက်ခိုက်မှုအပြီး တစ်ရက်အကြာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ချွတ်ပြင်ရွာအား မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ရခိုင်လူမျိုးများက ဖျက်စီးခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။[၁၃] ရွာမပျက်စီးမီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာအမျိုးသမီးများကို ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့သလို ရိုဟင်ဂျာအမျိုးသားများကို ARSA သံသယရှိသူအဖြစ် သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခဲ့သည်။[၄] ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် သေဆုံးမှုအရေအတွက်မှာ ၁၃၀ ရှိကြောင်းအစီရင်ခံခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် ချွတ်ပြင်ရွာအတွင်း အကြမ်းဖက်မှုကြောင့် နောက်ဆုံးရရှိသည့် သေဆုံးမှုအရေအတွက်မှာ ၃၈၅ ဦး ဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအရ ချွတ်ပြင်ရွာသည် လုံးဝမီးလောင်ကျွမ်းသွားကြောင်း တွေ့ရှိရသည်။[၁၃] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia