၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ
၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ မှာ ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းတွင် နေထိုင်နေကြသည့် ရခိုင် လူမျိုးစုများနှင့် ရိုဟင်ဂျာလူမျိုးစုများအကြား တစ်ဘက်နှင့် တစ်ဘက် အကြမ်းဖက်တိုက်ခိုက်ကြသည့် ဖြစ်ရပ်များဖြစ်သည်။ အဓိကရုဏ်းသည် လူမျိုးနှစ်စုအကြား အချင်းချင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း၊ တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။[၅] အကြမ်းဖက်မှု၏အစမှာ မေလ ၂၈ ရက်တွင် ကျောက်နီမော်ရွာ ၌[၆] ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး (သပြေချောင်ရွာသူ မသီတာထွေး) အား ရိုဟင်ဂျာ (အစိုးရအခေါ် ဘင်္ဂါလီ) ၃ ဦးက မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကြောင့် ဖြစ်သည်။ [၇][၈] ပြည်မကြီးမှ ရခိုင်ပြည်နယ်ဝင်လာသော ရိုဟင်ဂျာ ၁၀ ဦးမှာ တောင်ကုတ်မြို့၌ သတ်ဖြတ်ခံရသည်။ ချက်ချင်းပင် ရခိုင်ပြည်နယ် အနှံ့အပြား ပဋိပက္ခအသွင်ဆောင်လာခဲ့ကာ ရိုဟင်ဂျာလူမျိုးများနှင့် ရခိုင်လူထုကြား အပြန်အလှန် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ မုဒိမ်းမှု ဖြစ်ရပ်မှာဖမ်းဆီးထားသော ရိုဟင်ဂျာလူငယ် (၃) ဦးကို ရခိုင်ပြည်နယ် အာဏာပိုင်က မည်သည့်တရားရင်ဆိုင်ခွင့်မပေးဘဲ သေဒဏ်ပေးခဲ့သည်။ ထိုထဲမှ တစ်ဦးမှာ သေကြောင်းကြံခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။[၉] ဆူပူတိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်များတွင် မြန်မာအစိုးရမှ ညမထွက်ရအမိန့်များထုတ်ခဲ့ပြီး၊ စစ်တပ်များ နေရာအလိုက် ချထားခဲ့သည်။ ဇွန်လ ၁၀ရက်နေ့တွင် ရခိုင်ပြည်နယ်အပေါ် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်သို့ အရေးပေါ်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ မြန်မာအစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် ရိုဟင်ဂျာ လူမျိုးစုများအပေါ် ပစ်မှတ်ထား ပိုမိုဖမ်းဆီးနှိပ်ကွပ်သည်ဟု ပြည်ပမီဒီယာအချို့နှင့် အဖွဲ့အစည်းအချို့က ပြစ်တင်ဝေဖန်ခဲ့သော်လည်း အစိုးရက မွတ်စလင်တိုင်းရင်းသားများကို မည်သည့် အကာအကွယ်မှ မပေးခဲ့ဘဲ အကြမ်းဖက်ဖြစ်စဉ်များတွင် အာဏာပိုင်များ ကိုယ်တိုင်ပါဝင်ခဲ့သည်။ ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးစုများကမူ အစိုးရနှင့် ရဲတပ်ဖွဲ့သည် ရိုဟင်ဂျာများအပေါ် လျော့ရဲသက်ညှာစွာကိုင်တွယ်လွန်းခြင်းကြောင့် အဓိကရုဏ်းဖြစ်ခြင်းကို အားပေးသလိုရှိခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။[၁၀] မေလ၊ ဇွန်လ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂၂၃၀ လုံးနှင့် ဘာသာရေး အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၆၁၄၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ ဇွန်လ ဆူပူမှုဇွန်လမှစတင်ကာ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာလူမျိုးစုတို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပိုင်ဆိုင်ကြသည့် နေအိမ်အဆောက်အဦးများကို ဖျက်ဆီးကြခြင်းဖြစ်သည်။[၁၁] ဇွန်လ ဆူပူမှုသည် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ တို့တွင် ဖြစ်ပွားခဲ့သည်။ မောင်တောမြို့ဇွန်လ ၈ ရက်တွင် မောင်တောမြို့ရှိ မြို့မဗလီမှ ဂျူမာဝတ်ပြုပြီး ပြန်ထွက်လာသောအစွန်းရောက်ဘင်္ဂလီလူမျိုးများမှ ရခိုင်လူမျိုးများကို ဆူပူမှုစတင်ခဲ့သည်။ မောင်တောမြို့တွင် လုံခြုံရေးတိုးမြှင့်ခဲ့သော်လည်း၊ ၈ ရက်နေ့ ညနေပိုင်း ၃ နာရီ မိနစ် ၅၀ ခန့်တွင် ဘင်္ဂလီလူအုပ်ကြီးများက မောင်တောမြို့၊ ဗိုလ်မှူးရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြသည်။ (မှတ်ချက်။မောင်တောတွင် ဘင်္ဂလီ ၉၈%၊ရခိုင်လူမျိုး ၂% နေထိုင်သည်) ဖုန်းလိုင်းများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ [၁၂] ညနေခင်းတွင် မှူးဇော်အမည်ရှိ အရာရှိတစ်ဦးက လုံးခြုံရေးတပ်ဖွဲ့များက မောင်တောမြို့တွင် လောင်ကျွမ်းနေသည့် ရွာ ၁၄ ခုကို မီးငြိမ်းသတ်ခွင့်မပေးဘဲ တားဆီးနေသည်ဟု တင်ပြခဲ့သည်။ ၅ နာရီခွဲအချိန်တွင် တာဝန်ရှိသူများသို့ ပစ်မိန့်များပေးခဲ့သော်လည်း၊ ဟန့်တားအသိပေးသည့် ပစ်ခြင်းများရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာများမှ ဆိုကြသည်။[၁၂][၁၃] များမကြာခင်တွင် တာဝန်ရှိသူတို့မှ မောင်းတောတွင်ဖြစ်ပျက်နေသည်များ တည်ငြိမ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မောင်းတောတောင်ဘက်တွင် ရွာသုံးရွာရှိ နေအိမ်များ ညနေစောခင်းအတွင်း ဆက်လက် အရှို့ခံခဲ့ရသည်။ ည ၉ နာရီအချိန်တွင် အစိုးရက အိမ်အပြင်မထွက်ရ အမိန့်ကြေညာခဲ့ပြီး လူငါးယောက်ထက် ပိုမိုစုဝေးခွင့် ပိတ်ပင်ခဲ့သည်။ တစ်နာရီကြာပြီးနောက် ခရေမြိုင်ရွာတွင် ရဲများမှ သောင်းကျန်းသူဘင်္ဂလီအုပ်စုကို ဝိုင်းဝန်းနိုင်ခဲ့ပြီး၊ လူစုခွဲစေရန် ဟန့်တားအသိပေးပစ်ခဲ့သည်ဟု ဆိုသည်။[၁၃] ၁၀ နာရီတွင် စစ်တပ်များက မောင်တောမြို့တွင် လုံခြုံရေးနေရာယူခဲ့သည်။ ထိုနေ့တွင် ရခိုင်လူမျိုး ၅ ဦးအထက် သေဆုံးခဲ့သည်ဟု ဆိုသည်။[၁၄] စစ်တွေမြို့စစ်တွေမြို့၌ ဇွန်လ ၁၀ ရက်နေ့တွင် ဆူပူမှု စတင်ခဲ့သည်။ ရိုဟင်ဂျာအစွန်းရောက်များက ရခိုင်ရွာများကို မီးရှို့ဖျက်ဆီးမှု စတင်ခဲ့သည်။ အောက်တိုဘာ တကြော့ပြန် ပဋိပက္ခအောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ အောက်တိုဘာ ၂၇ ရက်နေ့အထိ ပဋိပက္ခများ တကြော့ပြန်ဖြစ်ပွားသော မြို့နယ်များမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲ၊ မြေပုံနှင့် ပေါက်တောတို့ ဖြစ်သည်။ ထပ်မံဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၈၄ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၉ ဦး ရှိကြောင်း၊ စုစုပေါင်း နေအိမ် ၂၉၅၀ နှင့် ဘာသာရေး အဆောက်အုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ထပ်မံဖြစ်ပွားခဲ့ရသော ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လောကက အစိုးရ၏ ကိုင်တွယ်မှုသည် စိုးရိမ်လွန်ပြီး နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။ အောက်တိုဘာ ၂၉ ရက်နေ့ထုတ် အစိုးရသတင်းစာများက ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အင်အားတိုးမြင့်ချမှတ်ထားမှုကြောင့် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိနေပြီဟု ရေးသားထားသည်။ ရဲတပ်ဖွဲ့ ၅၀ဝ၀ ကျော်၊ နစက တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်၊ တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေး ကြိုးစားခဲ့ကြောင်း သိရသည်။ [၁၅] ယခု တကြော့ပြန် ပဋိပက္ခကြောင့် ထပ်မံတိုးပွားလာသည့် နောက်ထပ် ဒုက္ခသည် ၂ သောင်းကျော်တွင် အများစုမှာ မွတ်ဆလင်များဖြစ်ပြီး ယခင်က ရခိုင် လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ခဲ့သည့် ကမန်လူမျိုး မွတ်ဆလင်များလည်း ပါဝင်သည်ဟု CNN သတင်းတပုဒ်တွင် ကုလသမဂ္ဂကို ကိုးကားပြီး ဖော်ပြထားသည်။ ကုလသမဂ္ဂ မြန်မာ့အရေး ကျွမ်းကျင်သူ သုံးဦးမှ ရခိုင်ြပည်နယ်အတွင်း လူမှု အဖွဲ့ များ၌ တဘက်နှင့် တဘက် အကြမ်းဖက် တိုက်ခိုက် မှုတွေများနှင့် ပတ်သက်၍ အထူး စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၁၆] တုံ့ပြန်မှုများပြည်တွင်း
ကိုးကား
|
Portal di Ensiklopedia Dunia