ထိုင်းစမိုင်း လေကြောင်းလိုင်း
ထိုင်းစမိုင်း လေကြောင်းလိုင်းသည် ထိုင်းလေကြောင်းလိုင်း၏ လေကြောင်းလိုင်းခွဲ တစ်ခုဖြစ်ပြီး ဒေသတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။[၁] ၂၀၁၂ ခုနှစ် ဇွန်လိုင်လတွင် စတင်ပျံသန်းပြီး ထိုင်းနိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။ သမိုင်း၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ထိုင်းလေကြောင်းလိုင်း ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့က တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခု ဖွင့်လှစ်ရန် ကြော်ငြာခဲ့သည်။[၂] ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ပျံသန်းရန် စီစဉ်ခဲ့သည်။[၃] ထိုင်းလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ အမ်ပွန် ၏ ကြော်ငြာချက်အရ ထိုင်းစမိုင်း လေကြောင်းလိုင်းသည် တန်ဖိုးနည်း လေကြောင်းလိုင်း နှင့် ပုံမှန်လေကြောင်းလိုင်း နှစ်ခုကြားတွင် တည်ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နာမည်ရွေးချယ်မှုကို ပြိုင်ပွဲပြုလုပ်ပြီး နာမည်ပေါင်း ၂၂၂၉ ခုထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။[၃] စတင်ပျံသန်းပြီး ၂ နှစ်အတွင်း အမြတ်ငွေ ဘတ် ၅ သန်းခန့် ရရှိခဲ့သည်။[၃] ပျံသန်းရာ မြို့များထိုင်းစမိုင်း လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းလျက်ရှိသည်။[၄][၅]
လေယာဉ်![]() ထိုင်းစမိုင်း လေကြောင်းလိုင်းသည် အဲဘတ်စ် အေ၃၂၀-၂၀၀ လေယာဉ် (၁၄) စီးဖြင့် ပျံသန်းလျက်ရှိသည်။ လေယာဉ်တစ်စီးတွင် ထိုင်ခုံ ၁၇၄ ခုံ နှင့် အထူး ထိုင်းပလပ်စ် ထိုင်ခုံ ၃၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၂၀၁၂ ခုနှစ် ဇွန်လ တွင် လေယာဉ် (၄) စီး ပထမဆုံး ရောက်ရှိခဲ့သည်။ ၃ နှစ်အတွင်း လေယာဉ် အစီး (၂၀) အထိ တိုးချဲ့ခဲ့ပြီး အိမ်နီးခြင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ တောင်ပိုင်းသို့ တိုးချဲ့ပျံသန်းခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia