ချင်းမိုင်မြို့
ချင်းမိုင်မြို့ (အင်္ဂလိပ်: Chiang Mai; ထိုင်း: เชียงใหม่, အခြားအသံထွက်: ကျိုင်းမိုင်) သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး ချင်းမိုင်ခရိုင်၏ မြို့တော်လည်း ဖြစ်သည်။ ဘန်ကောက်မြို့၏ မြောက်ဘက် ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) အကွာတွင် တည်ရှိပြီး၊ ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့လည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် စာရင်းများအရ မြို့ပြဧရိယာအတွင်း လူဦးရေ ၁၂၇,၀၀၀ ခန့်ရှိသော်လည်း ပတ်ဝန်းကျင်ခရိုင်များဖြစ်သည့် ဟန့်ဒေါင် (Hang Dong)၊ ဆန်ဆိုင်း (San Sai) နှင့် ဆာရာဖီ (Saraphi) တို့ ပါဝင်သော မက်ထရိုပိုလစ်တန်ဧရိယာတွင် ခန့်မှန်းခြေ လူဦးရေ ၁ သန်းကျော် ရှိသည်။ ချင်းမိုင်ခရိုင်အဆင့်တွင်မူ ၂၀၂၃ ခုနှစ်အတွက် ခန့်မှန်းလူဦးရေ ၁.၈ သန်းရှိသည်။ "ချင်း" နှင့် "ကျိုင်း""Chiang" (ထိုင်း: เชียง, အသံထွက်: ချင်း) ဟူသော ထိုင်းစကားလုံးသည် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မြို့အများအပြား၏ အမည်များတွင် အသုံးပြုလေ့ရှိသည်။ ၎င်း၏ အဓိပ္ပာယ်မှာ "မြို့" သို့မဟုတ် "မြို့တော်" ဟုရသည်။ ဥပမာအားဖြင့် ချင်းမိုင် (Chiang Mai)၊ ချင်းရိုင် (Chiang Rai) စသည့်မြို့များတွင် တွေ့ရသည်။ အလားတူပင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် အသုံးပြုသော "ကျိုင်း" (ဥပမာ- ကျိုင်းတုံ၊ ကျိုင်းခမ်း) ဟူသော ဝေါဟာရသည် ထိုင်းဘာသာစကားမှ "ချင်း" နှင့် မူရင်းတူညီသော (cognate) စကားလုံးဖြစ်သည်။ ဘာသာစကားဆိုင်ရာ ဆက်နွယ်မှုအရ ၎င်းတို့သည် အတူတူပင်ဖြစ်ပြီး၊ ဘာသာစကားမိသားစုမှ ဆင်းသက်လာခြင်းကြောင့် အသံထွက်နှင့် စာလုံးပေါင်း ကွဲပြားသွားခြင်းသာ ဖြစ်သည်။ နှစ်ခုစလုံးသည် မြို့ သို့မဟုတ် မြို့တော်ကို ရည်ညွှန်းသည်။ သမိုင်းကြောင်းချင်းမိုင်မြို့ကို လန်နာ (Lan Na) တိုင်းပြည် (မြန်မာရာဇဝင်တွင် ဇင်းမယ်ပြည်) ၏ မြို့တော်အသစ်အဖြစ် ၁၂၉၆ ခုနှစ်တွင် မန်ရိုင်ဘုရင် (King Mangrai) က တည်ထောင်ခဲ့သည်။ "ချင်းမိုင်" ဟူသော အမည်၏ အဓိပ္ပာယ်မှာ ထိုင်းဘာသာစကားဖြင့် "မြို့သစ်" ဟု အဓိပ္ပာယ်ရပြီး ယခင်မြို့တော် ချင်းရိုင် (Chiang Rai) ကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ ပင်းမြစ် (Ping River) ပေါ်တွင် တည်ရှိခြင်းနှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းများနှင့် နီးကပ်သောကြောင့် မြို့၏ သမိုင်းဝင် အရေးပါမှုကို ပံ့ပိုးပေးခဲ့သည်။ ၁၅၅၈ ခုနှစ်မှ ၁၇၇၄ ခုနှစ်အထိ ချင်းမိုင်နှင့် မြောက်ပိုင်းထိုင်းဒေသအများစုသည် မြန်မာဘုရင့်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ မြန်မာတို့က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းမိုင်သည် နှစ်ပေါင်း ၂၀၀ ကျော် မြန်မာတို့၏ လက်အောက်ခံဖြစ်ခဲ့သည်။ ၁၇၇၅ ခုနှစ်တွင် ထိုင်းတပ်များက မြန်မာများကို မောင်းထုတ်ပြီးနောက်ပိုင်းမှ လန်နပြည်နယ်သည် ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ၂၀ ရာစုအစောပိုင်းတွင် မြောက်ပိုင်းမီးရထားလမ်း ဆောက်လုပ်ပြီးစီးခြင်းက ချင်းမိုင်ကို ထိုင်းအလယ်ပိုင်းနှင့် ချိတ်ဆက်ပေးခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ချင်းမိုင်သည် ဆိုင်ယမ် (ယခု ထိုင်း) ၏ တရားဝင်ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ ပထဝီဝင်နှင့် ရာသီဥတုချင်းမိုင်မြို့သည် ပင်းမြစ်ကမ်းဘေးရှိ မြေပြန့်ဒေသတွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် တောင်တန်းများ ဝန်းရံလျက်ရှိသည်။ ဒွိုင်အင်ထာနွန် (Doi Inthanon) တောင်ကဲ့သို့သော ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်များလည်း ချင်းမိုင်ပြည်နယ်အတွင်းတွင် တည်ရှိသည်။ ဘန်ကောက်မြို့ထက် ပိုမိုစိမ်းလန်းစိုပြည်ပြီး တိတ်ဆိတ်အေးချမ်းသည့် ရာသီဥတုရှိကာ ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိသော မြို့တစ်မြို့ ဖြစ်သည်။ ရာသီဥတုသည် တစ်နှစ်ပတ်လုံး သမမျှတပြီး အေးမြသော ရာသီဥတုကို နှစ်သက်သူများအတွက် သင့်လျော်သည်။ ယဉ်ကျေးမှုနှင့် ဆွဲဆောင်မှုများချင်းမိုင်သည် မြောက်ပိုင်းထိုင်း (လန်န) ယဉ်ကျေးမှု၏ အချက်အချာဖြစ်သည်။ ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတို့ဖြင့် ဝန်းရံထားသော မြို့ဟောင်းအတွင်းတွင် ဗုဒ္ဓဘာသာဘုရားကျောင်းများစွာ တည်ရှိပြီး အချို့မှာ နှစ်ပေါင်း ရာချီသက်တမ်းရှိသည်။ မြန်မာ၊ သီရိလင်္ကာနှင့် လန်နထိုင်း ဗိသုကာလက်ရာများ ရောယှက်နေသည်ကို တွေ့ရသည်။ ထင်ရှားသော နေရာများ:
ချင်းမိုင်သည် လက်မှုပညာများ၊ အနုပညာပြခန်းများ၊ စျေးဆိုင်များနှင့် ညစျေးများ (Night Bazaar) ကြောင့်လည်း ကျော်ကြားသည်။ ဒေသခံအစားအစာများနှင့် ရိုးရာ လန်နယဉ်ကျေးမှုကို ထိတွေ့ခံစားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် UNESCO Creative Cities Network ၏ လက်မှုပညာနှင့် ရိုးရာအနုပညာကဏ္ဍတွင် ပါဝင်ရန် ရွေးချယ်ခံခဲ့ရသည်။ ရာဇဝင်ထဲက ဇင်းမယ်မြို့ယနေ့ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းမိုင်မြို့ကို ရှေးက မြန်မာတို့ခေါ်သည့် အမည်ဖြစ်သည်။ ရှေးမြန်မာတို့အရေးထားဆက်သွယ်ခဲ့သောမြို့ မြန်မာအမျိုးသမီးများ တန်ဖိုးထား၍ ဝတ်ဆင်လေ့ရှိသော ဇင်းမယ်လုံချည်ထုတ်လုပ်ရာဌာနမှာ ရှေးကမြန်မာ့နိုင်ငံခြားရေးရာတွင် အလေးတစ်မူ အရေးယူခဲ့ရသော ဒေသလည်းဖြစ်ခဲ့သည်။ ဇင်းမယ်သည် ထိုင်း (ယိုးဒယား)နိုင်ငံမြောက်ပိုင်းရှိ မြို့ ကြီးတစ်မြို့ဖြစ်၍၊ မြန်မာနိုင်ငံ ပြည်မြို့ အရှေးစူးစူး လောင်ဂျီတွဒ် ၉၉°မျဉ်းတပြေးတည်း၌ တည်ရှိသည်။ မြန်မာနိုင်ငံနယ် စပ်အရှေ့ဘက် မိုင် ၈ဝ အကွာတွင်တည်ရှိ၍၊ ထိုင်းအခေါ်ဖြင့် ချီအန်းမိုင်းဟု တွင်လေသည်။ ဇင်းမယ်သည် ယခုအခါ ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်နေသော်လည်း၊ ရှေးအခါကမူ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သော တိုင်းပြည်ကလေးတစ်ခု ဖြစ်၍၊ လာအိုလူမျိုးတို့၏ ဒေသဖြစ်၏။ ဇင်းမယ်ကို ခရစ် ၁၂၉၆ ခုနှစ်တွင် ဘုရင်မိုင်းရဲ က စတင်တည်ထောင်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်က ဇင်းမယ်ကို တိုက်ခိုက်သိမ်းသွင်း၍၊ လက်အောက်ခံပြည်နယ်အဖြစ် ထားခဲ့ဖူးသည်။ ဇင်းမယ် ပုန်ကန်သဖြင့် သွားရောက်နှိမ်နင်းခဲ့ရသည်လည်းရှိသည်။ ထို့အပြင် ဇင်းမယ်သည် ယိုးဒယားမင်းလက်အောက်သို့ ကျရောက်ခဲ့သည့်အခါလည်း ရှိခဲ့လေသည်။ ဇင်းမယ်မြို့ဟောင်းသည် စတုရန်းမိုင် ၄ မိုင်မျှကျယ်ဝန်း၏။ ပျက်စီးယိုယွင်းနေသော မြို့ရိုးကြီးများရံလျက် ယနေ့တိုင် တွေ့နိုင်သေးသည်။ သို့သော် ယခုအခါ ဇင်းမယ်မြို့သည် မြို့ရိုး အပြင်ဘက်သို့ရောက်အောင် တိုးတက်စည်ကားလာခဲ့ရာ၊ စီးပွားရေးရပ်ကွက်ပင် မြို့ရိုးအပြင်ဘက်တွင် ရောက်ရှိနေပေတော့သည်။ ဇင်းမယ်မြို့သည် ကျွန်းသစ်ကုန်ကူးရာဌာနအဖြစ်ဖြင့်လည်း အရေးပါသည်။ ဇင်းမယ်မြို့မှ လမ်းကြီးလမ်းငယ်အသွယ်သွယ်တို့ ဖြာထွက်လျက်ရှိသဖြင့် ရှေးအခါကစ၍ တရုတ်၊ မြန်မာ၊ ယိုးဒယား၊ ရှမ်းကုန်သည်တို့ဆုံရာ ဗဟိုဌာနဖြစ်ခဲ့ သည်။ ဇင်းမယ်မြို့သည် မဲနမ်မြစ်၏ မြစ်လက်တက်လေးခု အနက် တစ်ခုဖြစ်သော ပင်မြစ်ပေါ်တွင် တည်ရှိသည်။ ဗန်ကောက်မြို့တော်မှ လာသော ၄၆၇ မိုင်ရှည်သည့် မီးရထားလမ်းဆုံးမြို့ ဖြစ်၍၊ ရှမ်းပြည်နယ်ကို ယိုးဒယားနိုင်ငံမြောက်ပိုင်း နှင့်ဆက်သွယ်သော ကုန်းလမ်းများဆုံရာဌာနလည်းဖြစ်သည်။ ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ အနောက်မြောက်ပိုင်းဖြစ်သော ဇင်းမယ်ခရိုင်သည် စတုရန်းမိုင်ပေါင်း ၈၈၃၉ မိုင်ရှိ၍၊ လူဦးရေ ၅၅ဝ,ဝဝဝ ယောက်ခန့်ရှိသည်။ သစ်တောထူထပ်သော တောင်ကြီးများဖြင့် ဝန်းရံလျက်ရှိ သည့် ဇင်းမယ်မြို့တည်ရာ ချိုင့်ဝှမ်းဒေသမှာ မြေဩဇာအတန် ကောင်း၏။ ဆန်စပါးသည် အဓိကသီးနှံဖြစ်၍၊ အခြားသီးနှံများ မှာ ပဲ၊ ဆေးနှင့် ဝါဂွမ်းဖြစ်သည်။ ဇင်းမယ်တွင် နေထိုင်သူများမှာ လာအို၊ ယိုးဒယား၊ တရုတ်နှင့် ရှမ်းတို့ဖြစ်သည်။ ယခုအခါ လာအိုနှင့် ယိုးဒယားတို့မှာ ကွဲပြားခြားနားမှု မရှိသလောက်ပင်ဖြစ်၏။ ဥရောပတိုက်သားအချို့တို့သည်လည်း သစ်လုပ်ငန်း၊ သာသနာပြုလုပ်ငန်း၊ သံအဖွဲ့ ဥပဒေဆိုင်ရာလုပ်ငန်း စသည်တို့ အတွက် နေထိုင်လျက်ရှိကြသည်။ ဇင်းမယ်နှင့် မြန်မာနိုင်ငံ ဆက်သွယ်ခဲ့ပုံကား ပုဂံခေတ် အနော်ရထာမင်းစောသည် ဇင်းမယ်တစ်ဝိုက်ကို တိုက်ခိုက်သိမ်း ယူခဲ့ဘူးသည်ဆို၏။ ထိုနောက် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်လက်ထက် ဒုတိယမြန်မာနိုင်ငံတော်ကို စည်းရုံးရာ၌ ဇင်းမယ်ကိုအောင်မြင်၍ မြန်မာတပ်များအား အစောင့်အနေထား ခဲ့ဘူးသည်။ ဇင်းမယ်မှ ပညာသည်တို့ကို ခေါ်ယူခဲ့၍၊ ဟံသာ ဝတီတွင် အကွက်အရပ်ချပေးနေစေသည်။ ထိုအချိန်မှစ၍ ယွန်း ထည်အလုပ် တတ်ကျွမ်းသူတို့ရောက်လာဟန်ရှိသည်ဟု နိုင်ငံ သမိုင်းဆရာတို့က ယူဆကြသည်။ ဘုရင့်နောင် လက်ထက်၌ ပင် ဇင်းမယ်နှင့်နီးစပ်ရာဒေသများမှာ မငြိမ်မသက်ရှိ၍ အကြိမ် ကြိမ်သွားရောက်နှိမ်နင်းခဲ့ရသည်။ မြန်မာဘုရင်များလက်ထက် တွင် အစဉ်အလာအားဖြင့် ဇင်းမယ်၌ အမြဲတစေဘုရင်(ဘုရင်ခံ) ထားရှိခဲ့ပြီး မင်းဆက်များစွာအုပ်ချုပ်ခဲ့သည်။ သက္ကရာဇ် ၉၂၆ ခုနှစ် (ခရစ် ၁၅၆၄ ခုနှစ်) တွင် ဇင်းမယ် သောင်းကျန်း၍ ချီတက်တိုက်ခိုက်ရပြီးလျှင်၊ မဟာဒေဝီကို မင်းပြုစေခဲ့သည်။ ၉၄ဝ ပြည့်နှစ်တွင် မဟာဒေဝီလွန်သဖြင့် ဘုရင့်နောင်သည် သားတော် နော်ရထာမင်းစော အား ဇင်းမယ်ကို ပေးတော်မူသည်။ ညောင်ရမ်းဆက် ပြည်မင်းလက်ထက် သက္ကရာဇ် ၁ဝ၂၄ ခုနှစ်တွင် ဇင်းမယ်ကို ယိုးဒယားတို့က တစ်ဖန် တိုက်ခိုက်သိမ်း ပိုက်သဖြင့်၊ မြန်မာတို့ချီတက်ခဲ့ကြပြန်ရာ၊ ယိုးဒယားတို့က စီးမိ ပြန်သဖြင့် တပ်တော်များ ဆုတ်ခွာခဲ့ရသည်။ ၁ဝ၂၆ ခုနှစ်၌ ယိုးဒယားတို့ ဇင်းမယ်တွင်မနေနိုင်၍ ဆုတ်ခွာသောအခါတွင်မှ ဇင်းမယ်ကို မြန်မာတို့ပြန်ရသည်။ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၉ ခုနှစ် (ခရစ် ၁၇၉၇ ခုနှစ်) တွင် လကွန်းစား ကာဝီလသည် ဇင်းမယ်သို့ဝင်၍ မြို့ပြသစ် တည်ထောင်နေသည်နှင့် တပ်တော်များစေလွှတ်ရပြန် ရာ၊ ယိုးဒယားတို့က ဇင်းမယ် ဖက်မှကူသဖြင့် အရေးမလှချေ။ ဘိုးတော်ဘုရားလက်ထက်တွင် ယိုးဒယားသို့ အကြိမ်ကြိမ် ချီ တက်လုပ်ကြံခဲ့သော်လည်း၊ ဇင်းမယ်အပါအဝင် ယိုးဒယားပြည် သားတို့သည် မြန်မာလွှမ်းမိုးမှုမှ အပြီးတိုင်လွတ်မြောက်လိုသည် တစ်ကြောင်း၊ အနောက်နိုင်ငံသားတို့နှင့် ပေါင်းသင်းမိ၍ လက် နက်ခဲယမ်းများ ကောင်းစွာရရှိကြသည်တစ်ကြောင်း၊ မြန်မာတို့ ၏ စီမံခန့်ခွဲမှု ပေါ့လျော့သည်ကြောင့်တစ်ကြောင်း မြန်မာတို့ စစ်ရေးရှုံးခဲ့သည်ဟု ဆိုသည်။ ယင်းအချိန်မှစ၍ ဇင်းမယ်သည် ယိုးဒယားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ထိုနောက် ခရစ် ၁၈၆၇ ခုနှစ်တွင် အမေရိကန် ပရက်ဇ ဗီတီးရီးယန်း သာသနာပြုအဖွဲ့သည် ဇင်းမယ်သို့ စတင်ရောက် ရှိလာပြီးလျှင်၊ ကောလိပ်၊ ဆေးရုံ၊ ကုဋ္ဌနူနာရုံစသည်တို့ကို တည်ထောင်ခဲ့သည်။ ဗရင်ဂျီဂိုဏ်းကလည်း စာသင်ကျောင်းနှစ် ကျောင်း တည်ထောင်ထားခဲ့လေသည်။ ဗြိတိသျှကုမ္ပဏီကြီး ၂ ခုသည် ဇင်းမယ်တွင် သစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ဇင်းမယ်ရှိ ဘုရားစေတီတို့၏ ပုံသဏ္ဌာန်မှာ မြန်မာဘုရား စေတီတို့၏ပုံသဏ္ဌာန်နှင့်တူကြသည်။ ယွန်းထည်လုပ်ငန်းသည် အထူးကြီးကျယ်သော လုပ်ငန်းတစ်ခုဖြစ်၍၊ မြန်မာတို့ကဲ့သို့ပင် ကွမ်းအစ်၊ သပိတ်၊ သေတ္တာ၊ ဗျပ်စသည်တို့ကို ပြုလုပ်သည်။ ထိုလုပ်ငန်းများအပြင် ပိုးထည်အများအပြားကိုလည်း ဇင်းမယ် တွင် ရက်လုပ်ကြသည်။ ဇင်းမယ်လုံချည်မှာ မြန်မာအမျိုးသမီး လောကတွင် ယခုထက်တိုင် ခေတ်စားလျက်ရှိသည်။ ကြေးဖြင့် လုပ်သော ဟင်္သာရုပ်၊ ခြင်္သေ့ရုပ်၊ ဆင်ရုပ်စသည့် အလေးတို့ကို လည်း ပြုလုပ်ရောင်းချကြလေသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia