ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၉
၂၀၁၉ ထိုင်းအထွေထွေရွေးကောက်ပွဲ သည် ၂၀၁၉ခုနှစ် မတ်လ၂၄ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၃ရက်နေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ပထမဆုံးပြန်လည်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။[၁] အာဏာသိမ်းစစ်အစိုးရမှ ၂၀၁၅ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကတိပေးခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့သည်။၂၀၁၆ခုနှစ် စက်တင်ဘာလအတွင်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ၂၀၁၇နှောင်းပိုင်းတွင် ကျင်းပနိုင်ကြောင်းပြောခဲ့သည်။၂၀၁၇ခုနှစ်အတွင်းက အမေရိကန်နိုင်ငံ အိမ်ဖြူတော်သို့ အလည်ရောက်ရှိစဉ်ကလည်း ၂၀၁၈ခုနှစ်တွင် ကျင်းပမည်ဟု ကတိပေးပြန်သည်။၂၀၂၇ခုနှစ် အောက်တိုဘာတွင်မူ ရွေးကောက်ပွဲကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် ကတိပေးခဲ့သည်။[၂][၃] သို့သော် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ၂၀၁၉ခုနှစ် မတ်လသို့ ပြောင်းခဲ့ပြန်သည်။ အာဏာသိမ်းစစ်အစိုးရမှ ရေးဆွဲထားသော ၂၀၁၇ အခြေခံဥပဒေကို အတည်ပြုပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲပြီးချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာပင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia