မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်
IUCN အနီရောင်စာရင်း၏ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်[၁][၂] ( Least Concern - LC )[၃] ဆိုသည်မှာ သက်ဆိုင်ရာ ဇီဝမျိုးစိတ်တစ်ခု (သို့) တစ်စုသည် တောရိုင်းသဘာဝ၌ ဦးရေအမြောက်အမြား ရှင်သန်နေထိုင်လျက် ရှိနေသည့်အတွက်ကြောင့် ၎င်းမျိုးစိတ်အပေါ် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ထိန်းသိမ်းစောင့်ရှောက်ရန် မလိုအပ်သေးသော မျိုးစိတ်အဖြစ် သတ်မှတ်ပေးသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသတ်မှတ်ချက် တစ်ခုဖြစ်သည်။[၃] ယင်းတို့သည် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရသော မျိုးစိတ်၊ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရလုနီးနီး မျိုးစိတ် အစရှိသည့် အဆင့်တွင်အကျုံးမဝင်ပေ။ မျိုးစိတ်တစ်ခုသည် အကောင်ရေပမာဏ လုံလောက်စွာမရှိပါက မျိုးသုဉ်းမှု ဖြစ်နိုင်ခြေနည်းပါးသော မျိုးစိတ် ဟု သတ်မှတ်ခံရမည်မဟုတ်ပေ။ ဤအဆင့်သတ်မှတ်ချက်တွင် အကျုံးဝင်ရန် တိကျသောသတင်းအချက်အလက်များ လိုအပ်သည်။ ဤအဆင့်အတန်းအဖြစ် သတ်မှတ်မှုတွင် တိရစ္ဆာန်မျိုးစိတ် စုစုပေါင်း (၁၄၀၃၃) ခုပါဝင်ပြီး သိပ္ပံနည်းကျ မဖော်ပြရသေးသော မျိုးစိတ်ပေါင်းများစွာလည်း ပါဝင်သည်။[၄]
ကိုးကား
|
Portal di Ensiklopedia Dunia