ကန္ဒရဝတီဟော်နန်း
ကန္ဒရဝတီဟော်နန်း သို့မဟုတ် ကန္ဒရဝတီဟော် သည် ကန္ဒရဝတီနယ်ကို အုပ်ချုပ်ခဲ့သူများ နေထိုင်ခဲ့ရာ ဟော်နန်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ချိန်တွင် ကယားပြည်နယ်အတွင်း မပျက်စီးဘဲ ကျန်ရှိနေသည့် တစ်ခုတည်းသော နန်းတော် ဖြစ်သည်။[၁] သမိုင်းကြောင်းကန္ဒရဝတီဟော်နန်းကို ၁၉၁၂ ခုနှစ်မှ ၁၉၁၆ ခုနှစ်အတွင်း စောဖျာဒူ စဝ်ခွန်လီ က ဆောက်လုပ်ခဲ့သည်။[၁][၂] ဗြိတိသျှ၊ အိန္ဒိယနှင့် မြန်မာ ဗိသုကာပုံစံများဖြင့် ရောစပ်ဆောက်လုပ်ထားသည်။[၁] ဒုတိယကမ္ဘာစစ်အတွင်း ဒေသတွင်းရှိ အခြားဟော်နန်းများ ပျက်စီးခဲ့သော်လည်း ကန္ဒရဝတီဟော်နန်းမှာ မပျက်စီးဘဲ ကျန်ရှိခဲ့သည်။[၂] ဟော်နန်းတွင် နောက်ဆုံးနေထိုင်သွားခဲ့သည့် စော်ဘွားမှာ စဝ်လဝီ ဖြစ်သည်။[၁] ၁၉၈၇ ခုနှစ်တွင် စဝ်လဝီ ကွယ်လွန်ခဲ့ပြီးနောက် သားသမီးများဖြစ်သော စဝ်လဖော်နှင့် စဝ်ခေမာဝတီ တို့က ဟော်နန်းအား အမွေဆက်ခံခဲ့ကြသည်။[၁] ၁၉၉၄ ခုနှစ်တွင် စဝ်လဖော်နှင့် စဝ်ခေမာဝတီ တို့က ဘုန်းကြီးကျောင်းအဖြစ် ဟော်နန်းအား လှူဒါန်းခဲ့သည်။ လက်ရှိအချိန်တွင် သီရိမင်္ဂလာပုံ ကျောင်း အဖြစ်အမည်တွင်ပြီး ဟော်ကြီးဘုန်းကြီးကျောင်းဟုလည်း ခေါ်ဆိုကြသည်။[၂][၁][၃] ကိုးကား
|
Portal di Ensiklopedia Dunia