သီပေါဟော်နန်း
သီပေါဟော်နန်း သို့မဟုတ် အရှေ့ဟော် သည် သီပေါနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့ရာ အဆောက်အဦး ဖြစ်သည်။ ငါးဧကကျယ်သည့် မြေနေရာပေါ်တွင် ဆောက်လုပ်ထားပြီး အင်္ဂလိပ်ဗိသုကာပုံစံဖြင့် ဆောက်လုပ်ထားသည်။ စော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီ စဝ်သုစန္ဒီ တို့နေထိုင်ခဲ့သော ဟော်နန်းအဖြစ် သိရှိကြသည်။[၁][၂][၃][၄] သမိုင်းကြောင်း၁၉၂၄ ခုနှစ်တွင် စဝ်အုန်ကြာ က သီပေါဟော်ကို ဆောက်လုပ်ခဲ့သည်။[၁] သီပေါတွင် တည်ဆောက်ခဲ့သော ဟော် သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အခြားဟော်တစ်ခုကို ၁၈၈၈ ခုနှစ်တွင် စဝ်ခွန်စိုင်းကလည်းကောင်း၊ ၁၉၂၂ ခုနှစ်တွင် စဝ်ခဲ က စခန်းသာဟော်ကိုလည်းကောင်း ဆောက်လုပ်ခဲ့သည်။[၁] စခန်းသာဟော်မှာ စခန်းသာရွာတွင် တည်ရှိပြီး နွေရာသီအပန်းဖြေစံအိမ်အဖြစ် အသုံးပြုခဲ့ကြသည်။[၅] ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရချိန်တွင် စဝ်ကြာဆိုင်အား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။[၄] စဝ်ကြာဆိုင်၏ မိသားစုဝင်များမှာ နေအိမ်တွင် ၁၁ လကြာ အကျယ်ချုပ်ထိန်းသိမ်းခံထားရပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဟော်နန်းမှ ဖယ်ရှားခဲ့သည်။[၄] ၁၉၇၂ ခုနှစ်တွင် စဝ်ကြာဆိုင်၏ တူဖြစ်သူ စဝ်ဦးကြာက ဟော်နန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ခဲ့သည်။[၆][၄] ကိုးကား
|
Portal di Ensiklopedia Dunia