သိန္နီဟော်နန်း
သိန္နီဟော်နန်း သို့မဟုတ် သိန္နီဟော် (ရှမ်း: ႁေႃသႅၼ်ဝီ) သည် သိန္နီနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့သော အဆောက်အဦး ဖြစ်သည်။ သမိုင်းကြောင်းသိန္နီဟော်နန်းကို ၁၉၁၀ ခုနှစ်တွင် သိန္နီနယ် စော်ဘွား ခွန်ဆန်တုန်ဟုန်း က စတင်ဆောက်လုပ်ခဲ့ပြီး မန္တလေးနန်းတော်၏ ဒီဇိုင်းကို အခြေခံ ဆောက်လုပ်ခဲ့သည်။[၁][၂] စောဝ်နန်းဟိန်ခမ်ကို ၁၉၁၆ ခုနှစ်တွင် သိန္နီဟော်၌ မွေးဖွားခဲ့သည်။[၃] ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဧပြီလတွင် လေကြောင်းဗုံးကြဲမှုများကြောင့် ဟော်နန်းမှာ ပျက်စီးခဲ့သည်။[၄][၂] ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက်တွင် ဟော်နန်းနေရာအား စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် ဟော်နန်း၏ ပိုင်ဆိုင်မှုအား သိန္နီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ လွှဲပြောင်းခဲ့သည်။[၅] သိန္နီဟော်နန်း ပုံစံတူ ပြန်လည်ဆောက်လုပ်မည်ဟု မြန်မာအစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၆] ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယခင်ဟော်နန်းဟောင်း၏ ဘယ်ဖက် ၆၃ ပေ (၁၉ မီတာ) အကွာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။[၆][၂] ပန္နက်ရိုက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။[၂][၁] ကိုးကား
|
Portal di Ensiklopedia Dunia