မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။[၁][၂] သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၁၆၀၀) မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် (၃၄၄,၀၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။[၃][၄] သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။ မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးကို အာကာသမှပင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်တွင် သက်ရှိတို့ ဆောက်လုပ်သော အကြီးဆုံးသော တည်ဆောက်မှု ဖြစ်သည်။[၅] ထိုသန္တာကျောက်တန်းကြီးကို ဘီလီယံပေါင်း မြောက်မြားစွာသော ကိုရယ်လ် ပေါ်လစ်ပ် (coral polyps) ခေါ် သန္တာကောင် ကလေးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၆] ထိုနေရာတွင် သက်ရှိပေါင်း မြောက်မြားစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ရွေးချယ်ခဲ့သည်။[၁][၂] စီအင်န်အင်န် သတင်းဌာနမှ ထိုနေရာကို ကမ္ဘာ့ သဘာဝ အံ့ဖွယ် ခုနစ်ပါး စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကွင်းစလန်း အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ကွင်းစလန်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။ ဓာတ်ပုံများ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia