နယူးယောက်ပြည်နယ်
နယူးယောက်သည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းတွင် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ နိုင်ငံအတွင်း တတိယမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်သည်။ နယူးယောက်ပြည်နယ်သည် တောင်ဘက်တွင် နယူးဂျာစီပြည်နယ် နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ အရှေ့ဘက်တွင် ကော်နက်တိကပ်ပြည်နယ်၊ မက်ဆာချူးဆက်ပြည်နယ်၊ ဗားမောင့်ပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ လောင်းအိုင်းလန်း ကျွန်း၏ အရှေ့ဘက် ရို့ဒ်အိုင်းလန်းနှင့် ရေကြောင်းနယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး နိုင်ငံတကာ နယ်နိမိတ် အဖြစ် ကနေဒါနိုင်ငံ အွန်တေရီအို ဒေသ နှင့် ကွီးဘက်ဒေသတို့နှင့် ထိစပ်လျှက် တည်ရှိသည်။ နယူးယောက်ကို နယူးယောက်မြို့မှ ခွဲခြား သိရှိနိုင်ရန် အတွက် နယူးယောက်ပြည်နယ်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အများဆုံး မြို့ ဖြစ်ပြီး ငွေကြေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ နှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အချက်အချာ နေရာ ဌာနအဖြစ် ကျော်ကြားသည်။ သမိုင်းကြောင်းအရလည်း အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ရာ လူဝင်မှုကြီးကြပ်ရေး တံခါးဝအဖြစ် ထင်ရှားသည်။ အမေရိကန် ကုန်သွယ်ရေးဌာန ၏ အဆိုအရ နယူးယောက်မြို့သည် နိုင်ငံခြား ခရီးသွား အများအပြား သွားရောက်ရန် ဆန္ဒရှိသော နေရာ အဖြစ် သိရသည်။ ပြည်နယ်နှင့် မြို့တော် နှစ်ခုစလုံးမှာ ၁၇ ရာစု ယောက် မြို့စားကြီး ဂျိမ်းစတူးအတ် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia