ကိုကိုကျော်


ကိုကိုကျော်
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ အောက်တိုဘာ ၂၀၂၄
ညွန်ကြားရေးမှူးချုပ် ကမ်းခြေစောင့်တပ်ဖွဲ့
တာဝန်သက်တမ်း
၂၃ အောက်တိုဘာ ၂၀၂၁ – ၂၂ အောက်တိုဘာ ၂၀၂၄
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
ဆက်ခံသူဗိုလ်မှူးချုပ် တက်လွင်ထွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၆
မိခင်ကျောင်းစစ်တက္ကသိုလ် အပတ်စဉ်(၂၈)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်(ရေ)ကမ်းခြေစောင့်တပ်ဖွဲ့
အမှုထမ်းကာလ၁၉၈၇-၂၀၂၄
ရာထူးဗိုလ်ချုပ်

ဗိုလ်ချုပ် ကိုကိုကျော် သည် တပ်မတော်(ရေ)အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။[] []

စစ်မှုထမ်းဘဝ

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ-၁၃၇၈ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။နှစ် ၃၀ ကျော်ကြာ စစ်မှုထမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(ကြည်း၊ရေ၊လေ)ပူးပေါင်းလေ့ကျင့်ရေးဌာနကြီး တွင် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကြည်း၊ရေ၊လေပူးပေါင်းလေ့ကျင့်ရေး) အဖြစ် တာဝန်ပေးခံရသည်။ယင်းနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။[] နောက်ပိုင်း ဗိုလ်ချုပ် ဖြစ်လာသည်။ထိုတာ ဝန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ရက် နေ့အထိ တာဝန်ထမ်းသည်။

ဒုဝန်ကြီးဖြစ်လာပုံ

စစ်ကောင်စီ က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းအား ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ် တာဝန်မှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်သည်။[]

ကိုးကား

  1. New coast guard service for MyanmarBAIRD MARITIME (20 Oct 2021)။ 24 Oct 2024 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား (၆ အောက်တိုဘာ ၂၀၂၃)။ ၂၄ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ ၃၃၈/၂၀၂၁ ဝန်ထမ်းအကြီးအမှူးအဖြစ်ခန့်ထားခြင်း၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်း (၂၃ အောက်တိုဘာ ၂၀၂၁)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း (၂၂ အောက်တိုဘာ ၂၀၂၄)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya