ကမ်းခြေစောင့်တပ်ဖွဲ့
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ သည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေကြောင်းဥပဒေ ထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ခရီးသွားလာရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ ရေနက်ဆိပ်ကမ်းလုပ်ငန်းများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းစသည့် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းများကို စောင့်ကြပ်ကာကွယ်ရန်နှင့် တရားမဝင်ကျူးကျော်လာမှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။[၃] ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်တွင်း ဒုက္ခသည်များကို ရှာဖွေကယ်ဆယ်ရန်၊ ပင်လယ်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရှေးရှုစောင့်ရွက်ရန်နှင့် မြန်မာ့ရေပိုင်နက်အတွင်းရှိ ရေပေါ်ရေအောက်လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ယူရသည်။[၄] သမိုင်းကြောင်းနောက်ခံသမိုင်းကမ်းခြေစောင့်တပ်ဖွဲ့ကို မဖွဲ့စည်းမီအချိန်ထိ မြန်မာနိုင်ငံသည် ကမ်းခြေစောင့်တပ်မရှိသော အာရှနိုင်ငံအနည်းငယ်တွင် ပါဝင်ခဲ့ပြီး၊[၃] ပင်လယ်ပြင်လုံခြုံရေးကို ရေတပ်နှင့် ကမ်းခြေရဲတပ်ဖွဲ့တို့ကသာ တာဝန်ယူခဲ့ကြရာ ကိစ္စအဝဝကို လွှမ်းခြုံနိုင်ခြင်း မရှိသကဲ့သို့ တပ်မတော်အဖွဲ့အစည်းတစ်ရပ်၏ စစ်ဆင်ရေးနှင့် သံတမန်ရေးကဏ္ဍများတွင် သက်ဆိုင်ရာ အခွင့်အရေးများ မရနိုင်ဘဲ ဖြစ်ခဲ့ရသည်။[၅] ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်၌ မေးခွန်းများဖြေကြားစဉ် ကမ်းခြေစောင့်တပ် ဖွဲ့စည်းရန် စီစဉ်ထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။[၆] ထိုစဉ်ကအရပ်သားအစိုးရ၏ စစ်ဘက်လုံခြုံရေးတပ်ဖွဲ့များကို အရပ်ဘက်သို့ပြောင်းလဲရေးမူများအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော် သမ္မတရုံး၏ လက်အောက်တွင် ဖွဲ့စည်းထားရှိရန် စီစဉ်ခဲ့သည်။[၅] သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကမူ "နိုင်ငံတော်၏ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်"ဟု ဆိုထားသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။[၇] ဖွဲ့စည်းတည်ထောင်ခြင်းကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်[၁] သန်လျင်ရှိ သီလဝါဆိပ်ကမ်း၌[၈] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနား ပြုလုပ်ပြီး ဖွဲ့စည်းပေးခဲ့သည်။[၉] ကမ်းခြေစောင့်တပ်ဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး တပ်မတော် (ရေ)၊ ပြည်တွင်း အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါ်းဆောင်ရွက်မှုကိုပါ အလေးပေးဆောင်ရွက်ရသည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ်အထိ တစ်ဆက်တည်းရှိသေ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျွန်းပေါင်း တစ်ထောင်ခန့် အပါအဝင် ကမ်းရိုးတန်းအရှည် ၁၉၃၀ ကီလိုမီတာ၊ ရေပိုင်နက်ဧရိယာ ၂၃,၀၇၀ စတုရန်းကီလိုမီတာအတွင်း သက်ရောက်မှုရှိသည်။[၁၀]၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် အား ထပ်မံဖွင့်လှစ်သည်။ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူများ
စစ်ဆင်ရေးဆောင်ရွက်မှု၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း “နောင်ရိုးစစ်ဆင်ရေး”အမည်ဖြင့် ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ဆောင်ရွက်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးတွင် လိုင်စင်မဲ့ရေယာဉ် နှစ်စင်း၊ တရားမဝင်ရေယာဉ် သုံးစင်း၊ ခိုးဝင် ဘင်္ဂါလီလှေ တစ်စင်း၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ရေယာဉ်တစ်စင်း၊ သစ်မှောင်ခိုလှေ နှစ်စင်း၊ ကုန်တင်(ကုန်မဲ့)လှေသုံးစင်းနှင့် ဆီအညစ်အကြေး စွန့်ပစ်သည့် ကွန်တိန်နာရေယာဉ်တစ်စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး အနေဖြင့် ရေဝင်တိမ်းစောင်း နစ်မြုပ်လျက်ရှိသည့် ကျားပိုက်ငါးဖမ်းလှေမှ ရေလုပ်သား ၂၂ ဦး၊ ကြိုးပြတ်၍ ရေမျောနေသည့် ကျားဖောင်ရေလုပ်သားသုံးဦးနှင့် ရေဝင်နစ်မြုပ်နေသည့် ဒေသခံချွန်းလှေမှ ရေလုပ်သား သုံးဦးတို့အား အသက်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သည်။[၁၁] ရေယာဉ်များမြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုကွပ်ကဲမှုအောက်တွင် ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး (P-211)၊ အမြန်သွားကင်းလှည့်ရေယာဉ် ၇ စီး (P-311၊ P-312၊ P-313၊P-314၊P-315၊P-316၊P-317) နှင့် ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ၅ စီး (P-411၊ P-412၊ P-413၊ P-414၊ P-415)၊တွဲဆွဲ ရေယာဉ်တစ်စင်း(T-01)နှင့် ရှာဖွေကယ်ဆယ်ရေး ကင်းလှည့်ရေယာဉ်လေးစင်း[၁၂] စုစုပေါင်း ၁၈ စင်းတို့ဖြင့် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရှာဖွယ်ကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည်။ ကမ်းခြေစောင့် ကင်းလှည့်ရေယာဉ်များ
အမြန်သွား ကင်းလှည့်ရေယာဉ်များကိုးကား
|
Portal di Ensiklopedia Dunia