ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့
United Nations Population Fund
အတိုကောက်UNFPA
ဖွဲ့စည်းခြင်း၁၉၆၉
တရားဝင်အနေအထားသက်ဝင်ဆဲ
ဌာနချုပ်နယူးယောက်မြို့၊ အမေရိကန်။
အကြီးအကဲ
Dr. Babatunde Osotimehin
ဝက်ဘ်ဆိုဒ်unfpa.org

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖွဲ့ (အင်္ဂလိပ်: United Nations Population Fund) သည် မိသားစု စီမံကိန်း အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သည် သာမက ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုအဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိသားစု စီမံကိန်းနှင့် ပတ်သက်သော လူဦးရေဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးကူညီသည်။ ယင်းသို့ ကူညီရာတွင် မိခင်ဘဝ အန္တရာယ် ကင်းရှင်းရေး နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်သည်။ ထို့ပြင် လူဦးရေဆိုင်ရာ မူဝါဒများ ဖော်ထုတ်ရေးတွင်လည်း ကူညီပြီး သတင်းဖြန့်ဖြူးရေးနှင့် ပညာပေးရေး လုပ်ငန်းများကိုလည်း တာဝန်ယူ ဆောင်ရွက်သည်။[]

ကိုးကား

  1. ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya