ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
UN Security Council Chamber in New York`
အမျိုးအစားPrincipal organ
တရားဝင်အနေအထားသက်ဝင်နေဆဲ
အဖွဲ့ဝင်များ
၁၅ နိုင်ငံ
ဝက်ဘ်ဆိုဒ်un.org/securitycouncil

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ဘောင်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရသည်။

တာဝန်

အဖွဲ့ဝင်များသည် ကောင်စီ၏ ဆုံးဖြတ်ချက်များကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။ နိုင်ငံတကာငြိမ်းချမ်ရေးအတွက် အန္တရာယ်ရှိသည့် အရေးကိစ္စ တစ်ခုခု ကောင်စီ၏ ရှေ့မှောက် ရောက်ရှိလာပါက ကောင်စီသည် ဦးစွာပထမ သက်ဆိုင်ရာတို့အား ငြိမ်းချမ်းသောနည်းဖြင့် သဘောတူညီမူရရန် တောင်းဆိုပြောကြားရသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာပါက ကောင်စီသည် အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းရသည်။ ပြဿနာဖြစ်နေသော နေရာများသို့ ငြိမ်းချမ်းမူထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ကောင်း စေလွှတ်ပေမည်။

အဖွဲ့ဝင်

အဖွဲ့ဝင်များမှာ အမြဲတန်းအဖွဲ့ဝင်နှင့် အလှည့်ကျအဖွဲ့ဝင် ဟူ၍ ရှိသည်။ လုံခြုံရေးကောင်စီတွင် အမြဲတန်းအဖွဲ့ဝင် (၁၅)နိုင်ငံရှိသည့်အနက် တရုတ်ပြင်သစ်ရုရှား ဖက်ဒရေးရှင်းဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် "ဗီတို"အာဏာ ကိုင်တွယ်သုံးစွဲနိုင်သော အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည်။ အခြားအဖွဲ့ဝင် ၁၀ နိုင်ငံကို ၂ နှစ် သက်တမ်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်ပေးသည်။ တနှစ်လျှင် ၅ နိုင်ငံကျစီ နှစ်စဉ်ရွေးချယ်ပေးသည်။

အစည်းအဝေး

ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါက ကောင်စီ အစည်းအဝေးကို အချိန်မရွေးခေါ်ယူ ကျင်းပနိုင်သည်။ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စများနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ဆုံးဖြတ်ချက်ကို ဆန္ဒမဲကိုးမဲဖြင့် ချမှတ်သည်။ []

ကျမ်းကိုး

  1. ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya