အပြည်ပြည်ဆိုင်ရာ တရားရုံး
![]() အပြည်ပြည်ဆိုင်ရာတရားရုံး (အင်္ဂလိပ်: International Court of Justice (ICJ)) သည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်၍ "ကမ္ဘာ့တရားရုံး" (World Court) ဟုလည်းခေါ်ဆိုသည်။ နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် တည်ရှိသည်။ နယူးယောက်၌ မရှိသော တခုတည်းသော ကုလသမဂ္ဂ အဆောက်အဦဖြစ်သည်။ [၁] အဓိကသုံးသော ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်စကားတို့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြီမ် ၅ ဦးစီ ရွေးချယ်သည်။ တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။ တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ [၂] တာဝန်
နောက်ခံသမိုင်းနိုင်ငံပေါင်းစုံအသင်း (League of Nations) က အပြည်ပြည်ဆိုင်ရာ အမြဲခန့် တရားရုံး (Permanent Court of International Justice) ဟူ၍ ၁၉၂၀ တွင် စပြီး ၁၉၂၂ တွင် ပထမဆုံးအမှု စကိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံပေါင်းစုံအသင်းကို ကုလသမဂ္ဂနှင့် အစားထိုးသည့်အခါ အပြည်ပြည်ဆိုင်ရာ အမြဲခန့်တရားရုံးသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးဟူ၍ ဖြစ်လာသည်။ တရားရုံး၏ အမိန့်အာဏာမှာ ယခင်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်တည်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia