ကုလသမဂ္ဂ အထွေထွေညီလာခံ
ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅-ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၅၁)နိုင်ငံမျှသာ ပါဝင်သော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမျှရှိပြီဖြစ်သည်။ အဖွဲ့ကြီး၏ ကြီးကျယ်မြင့်မားသော ရည်ရွယ်ချက်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကမ္ဘာသူ ကမ္ဘာသားများ ရိက္ခာဖူလုံရေး၊ ကျန်းမာမှု အဆင့်အတန်း မြင့်မားရေး၊ စာတတ်မြောက်ရေး စသည်တို့ဖြစ်သည်။ အဖွဲ့ဝင်ကုလသမဂ္ဂ၏အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံ ရှိသည်။ ပင်မအဖွဲ့ကြီး ခြောက်ခုထိုသို့ကျယ်ပြန့်ပြီး ထုထည်ကြီးမားလှသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအဖွဲ့ကြီးတွင်
ထိုပင်မအဖွဲ့ကြီး ခြောက်ဖွဲ့အနက် အထွေထွေညီလာခံမှာ အရေးပါဆုံးနှင့် အဓိကအကျဆုံးဖြစ်သည်။ အထွေထွေညီလာခံကတစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည်။ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ သို့မဟုတ် ဝန်ကြီးများ တက်ရောက်ကြသည်။ ဤသို့ဖြင့် အထွေထွေညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးပါဝင်ပြီး တန်းတူအခွင့်အရေးလည်းရှိသည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် မဲတစ်မဲ ပေးခွင့်ရှိသည်။ အထွေထွေညီလာခံ၏ ပုံမှန်အစည်းအဝေးများကို နှစ်စဉ်စက်တင်ဘာလ တတိယပတ်အင်္ဂါနေ့မှစတင်ကာ ဒီဇင်ဘာလလယ်ထိကျင်းပသည်။ သို့သော် အထူးအစည်းအဝေးများကိုလည်း လိုအပ်ပါကကျင်းပသည်။ လုံခြုံရေးကောင်စီ တောင်းဆိုချက်နှင့်အဖွဲ့ဝင် နိုင်ငံအများစု၏တောင်းဆိုချက်များအရ အရေးပေါ်အစည်းအဝေးကို ၂၄ နာရီအတွင်း ကျင်းပနိုင်သည်။ အထွေထွေညီလာခံသည် ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏မူဘောင်အတွင်းအကျုံးဝင်သည့် အရေးအရာ မှန်သမျှကို ဆွေးနွေးပိုင်ခွင့်နှင့်အဆိုပြုပြီး ထောက်ခံပိုင် ခွင့်များရှိသည်။ အထွေထွေညီလာခံအနေဖြင့် မည်သည့်တိုင်းပြည် မည်သည့်အစိုးရကိုမျှ အရေးယူဆောင်ရွက်ပေးရန် ညွှန်ကြားပိုင်ခွင့်နှင့်အာဏာမရှိသော်လည်း အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များသည်တစ်ကမ္ဘာလုံး၏အမြင်နှင့်ဆန္ဒသဘောထားကို ဖော်ဆောင်သောကြောင့် အရှိန်အဝါဩဇာကြီးမားလေးနက်သည်။ အထွေထွေညီလာခံတွင် လက်နက်ထိန်းသိမ်းရေး၊ ကန့်သတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များတွင်၎င်း၊ ကုလသမဂ္ဂအဖွဲ့၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းများ ကို ထိပါးလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍၎င်း၊ လုံခြုံရေးကောင်စီနှင့်အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို၎င်း၊ လက်ခံသုံးသပ်ရန်၊ စဉ်းစားရန်၊ အကြံပေးရန်စသည့်အာဏာများ၊ လုပ်ပိုင်ခွင့်များရှိသည်။ အထူးသဖြင့် အထွေထွေညီလာခံကြီးသည် အပြည်ပြည်ဆိုင်ရာတရားရုံးအတွက် တရားသူကြီးများ ရွေးချယ်တင်မြှောက်ရေး၊ လုံခြုံရေးကောင်စီ၏ အကြံပြုချက်ဖြင့် အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ရေး စသည့်လုပ်ငန်းများကိုလည်း ဖော်ဆောင်ရသည်။ အထူးအရေးပါသည့် လုပ်ပိုင်ခွင့်မှာ ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးကြီးသည့် ပြဿနာကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနဖြေင့် တညီတညွတ်တည်း သဘောတူညီချက်မရပါကလည်း အထွေထွေညီလာခံက အရေးယူဆောင်ရွက်နိုင်ခွင့်ရှိခြင်းပင်ဖြစ်သည်။ (၆၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ စတင်ကျင်းပသည်။ (၆၅)ကြိမ်မြောက် အထွေထွေညီလာခံကြီး၏ သဘာပတိအဖြစ် ဆွစ်ဇာလန်နိုင်ငံ H.E.Mr. Joseph Deiss ကို တင်မြှောက်ကြသည်။ ညီလာခံကြီးတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံတို့သည် ကမ္ဘာ့နိုင်ငံရေးအခြေအနေများအပါအဝင် အရေးအရာများအပေါ် မိမိတို့နိုင်ငံ၏အမြင်များ၊ သဘောထားများအပြင် မိမိတို့နိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးကြသည်။
လုပ်ငန်းများကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကြီး၏ ဘောင်အတွင်းကျရောက်သော မည်သည့် အကြောင်းကိစ္စကို မဆို ဆွေးနွေးခွင့်ရှိသည်။ အထွေထွေညီလာခံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ ဦးနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ အဖွဲ့ဝင် ၅၄ ဦးကို ရွေးချယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ရသည်။ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း ခန့်အပ်ပေးသည်။ ကုလသမဂ္ဂအဖွဲ့၏ ရ-သုံးခန့်မှန်းခြေဘတ်ဂျက် ငွေစာရင်းကိုလည်း ဆွေးနွေးအတည်ပြုရသည်။ ပုံမှန်အစည်းအဝေးအဖွဲ့ကြီး၏ ပုံမှန် အစည်းအဝေးကို နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် အင်္ဂါနေ့တွင် စတင်သည်။[၂] ကိုးကားချက် |
Portal di Ensiklopedia Dunia