ကျောက်ကြီးမြို့နယ်
ကျောက်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်ပြီး[၂] လယ်ဒိုမြို့နယ် ဟုလည်း ခေါ်ကြသည်။[၃] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ကြီးမြို့ ဖြစ်သည်။ မွေတော်တောင်၊ ရခိုင်တောင်၊ စောဒေးမောဒေးတောင်များသည် ထင်ရှားသည်။ မြစ်ချောင်း ပေါများကာ၊ စစ်တောင်းမြစ်၊ ကျောက်ကြီးချောင်း၊ မုန်းချောင်းတို့မှာ ထင်ရှားသည်။ စပ်လဲရေတံခွန်နှင့် သဲသောမူ၊ သဲသောခွားရေတံခွန်တို့လည်း တည်ရှိသည်။ [၄] တည်နေရာမြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၀၈ မိနစ်မှ ၁၈ ဒီဂရီ ၃၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်မှ ၉၆ ဒီဂရီ ၄၅ မိနစ်ကြား တည်ရှိသည်။ အရှေ့ဘက်တွင် အရှေ့ရိုးမတောင်ခြေနှင့် ကရင်ပြည်နယ်၊ တောင်ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်တွင် စစ်တောင်းမြစ်၊ ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ မြောက်ဘက်တွင် ထန်းတပင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ၁၉၅ ပေဝယ် တည်ရှိနေကာ၊ ရာသီဥတုမှာ ပူအိုက်စိုစွတ်သည်။ [၄] အကျယ်အဝန်းအရှေ့အနောက် ၂၀/၃၀ မိုင်ရှိပြီး တောင်မြောက် ၃၅ မိုင်ရှည်သည်။ ဧရိယာ ၇၈၁.၄၁၃ စတုရန်းမိုင် ကျယ်ဝန်းသည်။[၄] ရေမြေတောတောင်၂၀၁၉ အရ သစ်တောဖုံးလွှမ်းမှု ၇၂.၅၇ ရာခိုင်နှုန်း ရှိပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ ဆင်တုံးမနွယ်၊ ဘုမ္မာရာဇာပင် နှင့် ဝါးအမျိုးမျိုး သဘာဝအလျောက် ပေါက်ရောက်သည်။ ယုန်၊ ဂျီ၊ ဆတ်၊ ဒရယ်၊ တောဝက်တို့ ကျက်စားသွားလာနေသည်။ [၄] သမိုင်းဒုတိယကမ္ဘာစစ်အတွင်းက ကျောက်ကြီးမြို့နယ်၏ အစိတ်အပိုင်းအချို့ကိုကရင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားများ ထိန်းချုပ်ခဲ့ကြသည်။[၅] ၂၀၀၇ ခုနှစ်အထိ ကရင် လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးသမားများ လှုပ်ရှားခဲ့ကြဆဲ ဖြစ်သည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia