လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ လက်ပံတန်းမြို့ ဖြစ်သည်။ လက်ပံတန်းဟုခေါ်တွင်ရခြင်းမှာဘူတာရုံဆင်း(ယခုအခါ ၁လမ်းဟုခေါ်သော)လမ်းတွင်လက်ပံပင်ကြီး ၂၁ပင်တောင်မြောက်သွယ်တန်း၍ပေါက်ရောက်နေသောကြောင့်ဖြစ်သည်ဟုအဆိုရှိသည်။ လက်ပံတန်းမြို့သည်သာယာဝတီခရိုင်အတွင်းလူစည်ကားဆုံးသောမြို့တစ်မြို့ဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးလဲအချက်အချာကျသောမြို့ဖြစ်သည်။ လက်ပံတန်းမြို့၏နာမည်ကြီးအစားအစာများမှာ ချစ်တီးထမင်း၊ငှက်ကောင်လုံးကြော်နှင့်ကရေကရာဖြစ်သည်။ နိုင်ငံရေးဆိုင်ရာထင်ရှားသည့်အဖြစ်အပျက် ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားကျောင်းသူနှင့် ဝန်းရံသူ ၂၀၀ ခန့်တို့အား ၂၀၁၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ရဲတပ်ဖွဲ့မှ ဖြိုခွဲခဲ့ပြီး[၃] ၁၀၀ ခန့်အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia