သနပ္ပင်မြို့

သနပ်ပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°17′39″N 96°34′48″E / 17.29417°N 96.58000°E / 17.29417; 96.58000ကိုဩဒိနိတ်: 17°17′39″N 96°34′48″E / 17.29417°N 96.58000°E / 17.29417; 96.58000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်သနပ်ပင်မြို့နယ်
တည်ထောင်၁၉၀၈-ခုနှစ်
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)
 • မြို့ပေါ်၁၈,၁၁၀
 • ကျေးလက်၁၄၇,၆၂၈
 • မြို့ပြကြီး၁၆၅,၇၃၈
 • လူမျိုးများဗမာမွန်ကရင်၊ ဗမာအိန္ဒိယ
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သနပ်ပင်မြို့သည် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ပဲခူးမြို့၏အရှေ့ဘက် ငါးမိုင် ခန့်အကွာတွင်ရှိသည်။

ဒေသသမိုင်း

သနပ်ပင်ဟုခေါ်ဝေါ်ခြင်းမှာ မြို့မတည်မီ ရှေးနှစ်ပေါင်း ၇ဝ ကျော်ခန့်က ယခုမြို့တည်ထားသည့်အရပ်တွင် သနပ်ပင် အများအပြားပေါက်ရောက်နေခဲ့၍ ယင်းတို့အနက် အပင်ကြီးနှစ်ပင်မှာ ပဲခူးမြို့မှပင် လှမ်း၍ မြင်နိုင်လောက်အောင် ကြီးထွားမြင့်မားသည်ဟုဆိုကြသည်။ ထိုစဉ်က ထိုအရပ်တွင် တဲကလေး လေးငါးလုံးခန့်သာရှိ၍ အနီးအနားမှာလည်း တောကောင်းသဖြင့် မျက်နှာဖြူလူမျိုးများ အမဲလိုက်စခန်းတစ်ခုဖြစ်ခဲ့သည်။ အဓိ ကရ သနပ်ပင်ကြီးနှစ်ပင်ကိုအစွဲပြု၍ ထိုစခန်းကို သနပ်ပင်စခန်းဟု ခေါ်ဆိုခဲ့ကြလေသည်။ ထိုဒေသပတ်ဝန်းကျင်တွင် နေထိုင်သူများမှာ မွန်လူမျိုးများဖြစ်ကြ၍ မြေရိုင်းဖုန်းဆိုးများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ လူနေအိမ်ခြေ တစ်စတစ်စ တိုးတက်လာရာ မြန်မာ ၁၁၇ဝ ပြည့်နှစ်ခန့်တွင် ထိုအရပ်ကို သနပ်ပင်ကျေးရွာဟု ခေါ်ဝေါ်လာကြသည်။ ယင်းမှ တစ်ဆင့် စိုက်ပျိုးဖြစ်ထွန်းသော နယ်မြေဒေသဖြစ်သဖြင့် တိုးတက်စည်ကားလာသောကြောင့် မြို့ပိုင်ရုံးစိုက် မြို့တစ်မြို့ဖြစ်လာလေသည်။

မြို့၏အကျယ်အဝန်းသည် နှစ်မိုင်ပတ်လည်ခန့်ရှိသည်။ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေသည် ၆,၈ဝ၅ ယောက်ဖြစ်၍ ဗမာလူမျိုးသည် အများစုဖြစ်လေသည်။

ပထဝီဝင် အနေအထား

တည်နေရာနှင့် အကျယ်အဝန်း

သနပ်ပင်မြို့သည် မြောက်လတ္တီကျု ၁၇ဒီဂရီ ၀၇မိနစ်မှ ၁၇ဒီဂရီ ၂၂မိနစ်နှင့် အရှေ့လောင်တီကျု ၉၆ဒီဂရီ ၃၀မိနစ်မှ ၉၆ဒီဂရီ ၅၅မိနစ်ကြားတွင် တည်ရှိသည်။ အရှေ့မှအနောက်သို့ ၃၅မိုင်၊ မြောက်မှ‌တောင်သို့ (၁၁)မိုင် ရှည်လျားပါသည်။[ကိုးကားချက်လိုသည်]


ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya