ကျော်ကျော်မောင်
ဦးကျော်ကျော်မောင် (၁၉၃၉ ဖွား) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁] အစိုးရအဖွဲ့ ၃ ဆက်အထိ ၃ကြိမ်တိုင်တိုင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရ၍ သူသည် သက်တမ်းအရှည်ကြာဆုံး တာဝန်ပေးခံရသူ အဖြစ် စံချိန်တင်သည်။သူ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ထမ်းဆောင်သက်မှာ ၁၈ နှစ် အထိ ရှိခဲ့သည်။ ငယ်ဘဝအဖ ဦးမောင်မောင်၊အမိ ဒေါ်ကြင်ကြင် တို့က သူ့အား မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။ ပညာအရည်အချင်းသူသည် ဆယ်တန်း အောင်ပြီးနောက် စီးပွားရေးဆိုင်ရာပညာရပ်အား ဆည်းပူးသင်ကြားသည်။ B.Com (ဝါဏိဇ္ဇဝိဇ္ဇာ) ဘွဲ့ ရရှိသည်။[၂] ဝန်ထမ်းဘဝသူသည် ဘွဲ့ရပြီးနောက် မြန်မာ့စီးပွားရေးဘဏ် တွင် ဝန်ထမ်းအဖြစ် အလုပ်ဝင်ပြီး ဘဝဖြတ်သန်းခဲ့သည်။ရာထူးအဆင့်ဆင့် တိုးသည်။၁၉၇၀ ပြည့်နှစ် အလွန်ကာများတွင် မြန်မာ့စီးပွားရေးဘဏ် မှ တဆင့် ဗဟိုဘဏ် သို့ ကူးပြောင်းသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဘဝ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၀ရက် တွင် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က ခန့်အပ်လိုက်၍ သူသည် ဗဟိုဘဏ် ၏ ၉ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုတာဝန် ကို ၁၀ နှစ် ကြာ တာဝန်ထမ်းသည်။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ လက်ထက် ၂၀၁၃ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် သူသည် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ သက်တမ်း ၅နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ က သူ့ကိုပင် ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန် ပေးသည်။[၃] [၄] ထိုတာဝန် အား ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဝေဖန်ခံရမှုများအရေးယူပိတ်ဆို့ခံရမှုများကြောင့် နိုင်ငံတကာ နှင့် ကင်းကွာနေသည့်ကာလ အပါအဝင် ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းအကျပ်အတည်း ကာလတစ်လျှောက် သူသည် ဗဟိုဘဏ် ဦးဆောင်ခဲ့သူဖြစ်ခဲ့သော်လည်း အကျပ်အတည်းအား ကန့်သတ်ရန် လုံလောက်သည့် လုပ်ဆောင်ချက်များ မလုပ်ခဲ့သူ ဟု စွပ်စွဲခံရဖူးသည်။[၅] ယင်းအပြင် ၂၀၁၈ ခုနှစ်က ၎င်း၏ နောက်ထပ်သက်တမ်းအား သမ္မတဦးဝင်းမြင့် က တိုးသည့်အခါတွင်လည်း မြန်မာ့စီးပွားရေးအား တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် ပုံဖော်ဝေဖန်ခံရသည်။[၆] [၇] မိသားစုဘဝသူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး၊သားသမီး ၄ ဦး ထွန်းကားခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia