ခင်အောင်မြင့် (နိုင်ငံရေးသမား)
ဦးခင်အောင်မြင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။[၂] ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအဖွဲ့ကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[၃]
စစ်မှုထမ်းခြင်းနှင့် ဝန်ထမ်းဘဝဦးခင်အောင်မြင့်သည် ကာကွယ်ရေးဝန်ကြီးဌာနတွင် ၁၉၆၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်တိုင်အောင် ဒုတပ်မမှူးအဆင့်အထိ အဆင့် ဆင့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ်ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ် ၂၀၁၀ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးသမားဘဝ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် အမျိုးသားလွှတ်တော်မှ တင်မြောက်သော ဒုတိယသမ္မတလောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေ၍ နာမည်စာရင်း တင်သွင်းခံရသော်လည်း မတ်လ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သော အစည်းအဝေးပွဲတွင် ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဟင်နရီဗန်ထီးယူနှင့် မဲခွဲဆုံးဖြတ်ရာ ရှံးနိမ့်ခဲ့သည်။ ကိုယ်ရေးဘဝ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ဦးခင်အောင်မြင့်သည် ဇနီး၊ သား(၂) ဦး၊ မြေး (၃) ဦးတို့နှင့်အတူ နေပြည်တော်တွင် နေထိုင်လျက်ရှိသည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia