ဂျွန် အက်ဖ် ကနေဒီ
ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ (မေ ၂၉၊ ၁၉၁၇ - နိုဝင်ဘာ ၂၂၊ ၁၉၆၃) ကို များသောအားဖြင့် သူ၏ နာမည် အတိုကောက် JFK ဖြင့် ရည်ညွှန်းလေ့ ရှိကြသည်။ သူသည် အမေရိကန်ပြည်ထောင်စု ၏ ၃၅ ယောက်မြောက် သမ္မတ ဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ လုပ်ကြံခံရသည့် ၁၉၆၃ ခုနှစ် အထိ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာ ဒေသတွင် မော်တော် တော်ပီဒို သင်္ဘော ပီတီ-၁၀၉ နှင့် မော်တော် တော်ပီဒို သင်္ဘော ပီတီ-၅၉ တို့၏ ရေယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင် မက်ဆာချူးဆက် ၁၁ ခုမြောက် ကွန်ဂရက် ဒိစတြိတ် အတွင်းတွင် ၁၉၄၇ မှ ၁၉၅၃ အထိ ဒီမိုကရက် လွှတ်တော်အမတ် အဖြစ် ဆောက်ရွက်ခဲ့သည်။ ထို့နောက်တွင် ဆီးနိတ်လွှတ်တော်တွင် ၁၉၅၃ မှ ၁၉၆၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကနေဒီသည် ဒုတိယ သမ္မတနှင့် ရီပတ်ဘလစ်ကင် သမ္မတလောင်းဖြစ်သော ရစ်ချက် နစ်ကဆင်ကို ၁၉၆၀ သမ္မတ ရွေ:ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူသည် သီအိုဒိုး ရုစဗဲ့မှ လွဲလျှင် ဒုတိယမြောက် အငယ်ဆုံး အမေရိကန် သမ္မတဖြစ်ပြီး ၂၀ ရာစု မွေးဖွားသည့် သမ္မတများတွင် ပထမဆုံး ဖြစ်သည်။ ကနေဒီသည် ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတများတွင် အငယ်ဆုံး ဖြစ်ပြီး ၄၃ နှစ်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ကနေဒီသည် တစ်ဦးတည်းသော ကက်သလစ် ဘာသာဝင် သမ္မတနှင့် အိုင်းရစ်ရှ်အမေရိကန် သမ္မတဖြစ်ပြီး ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရသော တစ်ဦးတည်းသော သမ္မတဖြစ်သည်။
|
Portal di Ensiklopedia Dunia