စက်မှုစီမံကိန်း ဦးစီးဌာနစက်မှုစီမံကိန်းဦးစီးဌာနနောက်ခံသမိုင်း၁။ ။ ၁၉၇၂ခုနှစ်တွင်စက်မှုလက်မှုဝန်ကြီးဌာနမှ“စက်မှုဝန်ကြီးဌာနဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး၊၁၉၇၅ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှ စတင်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟူ၍အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင်အောက်ပါဌာန(၇) ခုရှိသည်-
၂။ ။ ထို့နောက် အမှတ် (၂) စက်မှုဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဟူ၍ ထပ်မံခွဲခြားဖွဲ့စည်းခဲ့သည်။ ထိုစဉ်ကအမှတ် (၂) စက်မှုဝန်ကြီးဌာနအောက်တွင် အောက်ပါအဖွဲ့များပါဝင်သည်-
၃။ ။ ဆက်လက်၍အမှတ်(၂)စက်မှုဝန်ကြီးဌာနကို၁၉၈၈ခုနှစ်တွင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများပိုမိုထိရောက်သွက်လက်စွာဆာင်ရွက်နို်င်ရန် အတွက်ဝန်ကြီးရုံးများအပါအဝင် အောက်ပါဌာန(၇)ခုဖြင့်ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့သည်-
၄။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂-၁၂-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၁) ဖြင့်အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂)စက်မှုဝန်ကြီးဌာနတို့ပေါင်းစပ်၍ စက်မှုဝန်ကြီးဌာနအဖြစ်အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းခဲ့သည် - (က) အမှတ် (၁) စက်မှုဝန်ကြီးဌာန
(ခ) အမှတ် (၂) စက်မှုဝန်ကြီးဌာန
၅။ ။ ပြုပြင်ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီလက်ရှိ်အုပ်ချုပ်မှုစနစ်နှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် လုပ်ငန်းသဘောသဘာ၀ကိုက်ညီစေရန် အမည်နာမပြောင်းလဲခြင်း၊ စက်ရုံကြီးများအဖြစ် စုစည်းဖွဲ့စည်းခြင်းနှင့် လက်ရှိခွင့်ပြုပြီးဖွဲ့စည်းအင်အားကိုပိုမိုကျစ်လျစ်စေရေးအတွက် ဖွဲ့စည်းပုံအသစ်ကိုပြန်လည်ရေးဆွဲခြင်းဆောင်ရွက်ခဲ့ပြီး ၂၉-၃-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအေ၀းအမှတ်စဉ် (၁၃/၂၀၁၂) မှ သဘောတူခွင့်ပြုချက်အရစက်မှုဝန်ကြီးဌာနကို ၂၀၁၂ ခုနှစ်၊ဧပြီလ (၄) ရက်နေ့မှစ၍ အောက်ပါအတို်င်း ပြန်လည်ဖွဲ့စည်းခဲ့သည် -
တာဝန်ဝတ္တရားများစီမံကိန်းအသစ်များ အကောင်အထည်ဖော်ရေးအတွက် ပြင်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ပူပေါင်းဆောင်ရွက်ခြင်း နိုင်ငံတကာနှင့် အာဆီယံ လုပ်ငန်းဆိုင်ရာ ကိစ္စများအား ဝန်ကြီးဌာန ကိုယ်စား ဆောင်ရွက်ခြင်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းကြီးကြပ်ခြင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် စက်မှုကျွမ်းကျင်လုပ်သားများရရှိရေးအတွက် စက်မှုသင်တန်း ကျောင်းများအား တာဝန်ယူကြီးကြပ်ပေးခြင်း ဝန်ကြီးဌာနကိုယ်စား စီမံခန့်ခွဲရေးတာဝန်များကို ဆောင်ရွက်ခြင်း စက်မှုစီမံကိန်းဦးစီးဌာန၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။ စက်မှုစီမံကိန်းဦးစီးဌာန ကြီးကြပ်မှုအောက်တွင် အောက်ပါ ဌာနခွဲ (၅) ခုဖြင့် ဖွဲ့စည်းထားသည် -
ကိုးကား |
Portal di Ensiklopedia Dunia