အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသည် စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလုပ်ငန်းများအနက်တစ်ခုဖြစ်ပြီး ဘိလပ်မြေ၊ မီးခံအုတ်အမျိုးမျိုး၊ ကြွေထည်မြေထည်ပစ္စည်းများ၊ ဗို့အားမြင့် ကြွေသီးအမျိုးမျိုး၊ မှန်အမျိုးမျိုးနှင့် လယ်ယာသုံးစက်ပစ္စည်းများကို ထုတ်လုပ်ပေးလျက်ရှိသည်။
သမိုင်းအကျဉ်း
၁၉၆၄ ခုနှစ်တွင် ကြွေထည်မြေထည်လုပ်ငန်းများ ကြီးကြပ်မှုကော်ပိုရေးရှင်း အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကြွေထည်မြေထည်လုပ်ငန်း ကော်ပိုရေးရှင်း အဖြစ်သို့ လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းအဖြစ်သို့ လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၁]
ဖွဲ့စည်းပုံ
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါ စက်ရုံများဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
စက်ရုံ |
တည်နေရာ |
အကျယ်အဝန်း |
တည်ထောင်သည့်ခုနှစ် |
ထုတ်ကုန်များ |
စက်စွမ်းအား(/နှစ်)
|
အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်) |
သရက်မြို့၊ မကွေးတိုင်းဒေသကြီး |
၂၀၉.၇၁ ဧက |
၁၉၃၅ ခုနှစ် |
ဘိလပ်မြေ |
၂၀၄၀ဝ၀ တန်
|
အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း) |
ကြံခင်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး |
၁၄၅.၅ ဧက |
၁၉၈၃ ခုနှစ် |
ဘိလပ်မြေ |
၃၆၃၈၀ဝ တန်
|
အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်) |
ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး |
|
|
|
အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာ၀တီ) |
ရန်ကုန် - ပြည်ကားလမ်း အနောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး |
၁၉၅.၄၅ ဧက |
၁၉၇၂ ခုနှစ် |
ပန်းကန်ခွက်ယောက်များ ရေအိမ်သုံးပစ္စည်း နံရံကပ်နှင့်ကြမ်းခင်းကြွေပြား |
၃၀၆၅၉၈၀ ခု ၂၈၈၀ဝ ခု ၆၆၀ဝ၀ဝ၀ ချပ်
|
အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်) |
ချောက်မြို့၊ မကွေးတိုင်းဒေသကြီး |
၄၈၁.၆၁ ဧက |
၂၀ဝ၆ ခုနှစ် |
အားမြင့်ကြွေသီးအမျိုးမျိုး |
၄၅၀ တန်
|
အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) |
ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး |
၁၅၇.ဝ၁ ဧက |
၂၀ဝ၅ ခုနှစ် |
ရိုးရိုးမှန်အကြည်၊ လွှာထပ်မှန် အားဖြည့်မှန်၊ ကြည့်မှန် |
၄၁၇၀ဝ တန်
|
အမှတ်(၃၇) အကြီးစားစက်ရုံ (ဆင်တဲ) |
ဆင်တဲ၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး |
၂၈၀ ဧက |
၁၉၆၅ ခုနှစ် |
လယ်ယာသုံးစက်ပစ္စည်း
|
အမှတ်(၃၈) အကြီးစားစက်ရုံ (မလွန်) |
မလွန်၊ မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီး |
၂၂ ဧက |
၁၉၆၆ ခုနှစ် |
လယ်ယာသုံးစက်ပစ္စည်း
|
အမှတ်(၃၉) အကြီးစားစက်ရုံ (အင်းကုန်း) |
အင်းကုန်း ၊ ကျောက်ဆည်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး |
၃၀.၆၉ ဧက |
၂၀၀၃ ခုနှစ် |
ဒီဇယ်အင်ဂျင် Gear Box Combined Harvester |
၁၅၀၀ လုံး ၁၀၀၀ လုံး ၁၅၀ စီး
|
ဆက်သွယ်ရန်လိပ်စာ
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
ရုံးအမှတ် (၄၁)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်။
ဖုန်း : ၀၆၇-၄၀၈၀၇၄၊ ၀၆၇-၄၀၈၁၆၀
ဖက်စ် : ၀၆၇-၄၀၈၀၆၄
အီးမေးလ် : mpd3hie@gmail.com
ကိုးကား