စပုစပုကာရကသိက္ခာပုဒ်

စပုစပုကာရကသိက္ခာပုဒ် (ကဗဠဝဂ်)

ပျတ်ပျတ်အသံ ပြုခြင်း

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စပ်စပ် (ပျတ်ပျတ်) အသံပြု၍ ဆွမ်းစားကြကုန်၏၊ ထိုသို့ အသံမြည်စေခြင်းသည်လည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ ကြသောကြောင့်...[]

“န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“စပ်စပ် (ပျတ်ပျတ်) မြည်အောင် မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ (စပုစပု-စပ်စပ် = ပျတ်ပျတ်+ကာရကံ-၍၊)

ကဗဠဝဂ် ပြီး၏။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya