စီဝရအပနိဓာနသိက္ခာပုဒ်

အမှု—သပိတ်သင်္ကန်းကို ဝှက်ထားမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။


သပိတ်သင်္ကန်း ဝှက်ထားမှု

သတ္တရသဝဂ္ဂီရဟန်းကလေးတို့သည် (ငယ်ယွယ်သူကလေးများ ဖြစ်ကြသည် အားလျော်စွာ) သပိတ် သင်္ကန်း စသော ပရိက္ခရာကို ကောင်းမွန်စွာ မသိမ်းဆည်းတတ်ကြကုန်၊ [အသန္နိဟိတ ပရိက္ခာရာ = ကောင်းစွာ မသိမ်းဆည်းအပ်သော ပရိက္ခရာ ရှိကုန်သည်၊ ဟောန္တိ၊] ဆဗ္ဗဂ္ဂီ ရဟန်းတို့ကလည်း (ထိုရဟန်း ကလေးများကို ကျီစားလေ့ရှိရာ) အခါတပါး၌ ထိုရဟန်းကလေးများ၏ သပိတ်သင်္ကန်းကို ဝှက်ထား(ဖွက်ထား) ကြလေသည်၊ သတ္တရသဝဂ္ဂီ ရဟန်း ကလေးများက “အရှင်ဘုရားတို့...တပည့်တော်တို့၏ သပိတ်သင်္ကန်းကို ပေးကြပါ”ဟု တောင်းသောအခါ ဆဗ္ဗဂ္ဂီတို့က ရယ်မောကြကုန်၏။ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ []

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဘိက္ခုဿ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ အန္တမသော ဟသာပေက္ခောပိ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်ရဟန်းသည် ရဟန်းတပါး၏ သပိတ်ကိုသော်၎င်း သင်္ကန်းကိုသော်၎င်း အပ်ဗူးကိုသော်၎င်း နိသီဒိုန်ကိုသော်၎င်း ခါးပန်းကြိုးကိုသော်၎င်း ကိုယ်တိုင်မူလည်း ဝှက်ထားအံ့, သူတပါး ကိုမူလည်း ဝှက်ထားစေအံ့၊ အောက်ထစ်ဆုံးအားဖြင့် ရယ်ရွှင်မှုကို ငဲ့၍လည်း ဝှက်အံ့, ဝှက်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်အရ ရယ်ရွှင်လို ကျီစားလို၍သော်လည်း ရဟန်း၏ သပိတ်, သင်္ကန်း, နိသီဒိုန်ခေါ် အခင်း, အပ်ဗူး, ခါးပန်းကြိုးများကို ဝှက်ထားလျှင် ပါစိတ်အာပတ်သင့်၏၊ တမင်သက်သက် ညှဉ်းဆဲလို၍ ဝှက်ထားရာ၌ကား ပါစိတ် အာပတ်သင့်ကြောင်း ပြောဘွယ်မရှိပြီ၊ သိက္ခာပုဒ်၌ တိုက်ရိုက်ပါသော ပစ္စည်းမှ တခြားဖြစ်သော ခဲတန် စာအုပ် စသည်ကို ဝှက်ထားလျှင်၎င်း ရဟန်းမဟုတ်သော သာမဏေ-လူဝတ်ကြောင်များ၏ သပိတ်သင်္ကန်း စသည်ကို ဝှက်ထားလျှင်၎င်း ဒုက္ကဋ် အာပတ်သင့်၏၊ ဝှက်လိုစိတ်မရှိဘဲ ပြောဆိုဆုံးမလို၍ သိမ်းထားလျှင်ကား အနာပတ္တိ။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya