စူဠဇနကဇာတ်
ဧကကနိပါတ် - ၆။ အာသီသဝဂ် -၅၂- စူဠဇနကဇာတ်။ ။ ပင်လယ်တွင်းသင်္ဘောပျက်ရာ လုံ့လကို မလျှော့သဖြင့် မင်းအဖြစ်ကိုရသော စူဠ ဇနကမင်းအကြောင်း။ ပစ္စုပ္ပန်ဝတ္ထုလုံ့လလျှော့က ပြစ်တင်ကြနတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လုံ့လဝီရယယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်၍မြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... ငါဘုရား သာသနာတော်ဝယ် ရဟန်းပြုပါလျက်အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း” ဟု အပြစ်တင်ကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု[စူဠဇနကဇာတ်သည် အလုံးစုံ မဟာဇနက ဇာတ်နှင့်တူ၏။] ယောကျ်ားအမွန်လုံ့လချွန်အထူးကား စူဠဇနက မင်းကြီးသည်မိမိ၏ လုံ့လဝီရိယဖြင့် ထီးနန်းစည်းစိမ်ကို ရသောအခါ ထီးဖြူအောက်မှ နေလျက် - လောက၌ပညာရှိယောကျ်ား မှန်လျှင် လုံ့လပြုရမည်၊ မပျင်းမရိရာ၊ လုံ့လပြုသည့်အတွက် ရေနစ်ရာမှကုန်းသို့တက်ကာ မင်းဖြစ်နေသော မိမိကိုယ်ကို မိမိမြင်ရပေပြီ - ဟု မှူးမတ်တို့ အလယ်၌ ဥဒါန်းကျူးလေ၏။ ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ စူဠဇနကမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ - ဟုဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) မပျင်းမရိ၊ လုံ့လရှိ၊ ရ၏လိုလိုရာ။ (၂) စိတ်လိုရှိက၊ ဉာဏ်လုံ့လ၊ ကူမပြီးကြောင်းသာ။ (၃) သမုဒ်နစ်လေ၊ ဇနကေ၊ မသေမင်းဖြစ်လာ။ စူဠဇနကဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia