ဆစ်အဲ လေကြောင်းလိုင်း
ဆစ်အဲ လေကြောင်းလိုင်း (အင်္ဂလိပ်: SilkAir) သည် စင်ကာပူနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း ကုမ္ပဏီတစ်ခု ဖြစ်သည်။ စင်ကာပူ လေကြောင်းလိုင်း၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်ပြီး စင်ကာပူ နှင့် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ နှင့် တခြားနိုင်ငံများ၊ မြို့များ အပါအဝင် စုစုပေါင်းမြို့ပေါင်း (၄၄) မြို့ကို ချိတ်ဆက်ပျံသန်းလျက်ရှိသည်။ စင်ကာပူလေကြောင်းလိုင်း ပျံသန်းမှုကွန်ရက်တွင် အဓိကနေရာတွင် ပါဝင်လျက်ရှိသည်။ ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် မတ်လအထိ ဆစ်အဲလေကြောင်းလိုင်း မှ ခရီးသည် ၃.၄၁၁ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အမြတ်ငွေ စင်ကာပူဒေါ်လာ ၃၄.၅ သန်း ရှာဖွေနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းများအရ ဆစ်အဲ လေကြောင်းလိုင်းတွင် ဝန်ထမ်းပေါင်း ၁၄၆၂ ဦးရှိသည်။ သမိုင်း![]() ၁၉၇၅ ခုနှစ်တွင် ထရတ်ဝင်းစ် စင်းလုံးငှား လေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး မိခင် စင်ကာပူ လေကြောင်းလိုင်းမှ လေယာဉ်များငှားရမ်းကာ ပျံသန်းခဲ့သည်။[၂] ပုံမှန် ခရီးစဉ်များကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထရတ်ဝင်းစ် လေကြောင်းလိုင်းအဖြစ် စတင်ပြေးဆွဲခဲ့ပြီး ဘန်ဒါဆရီဘဂါဝမ်၊ ပတ္တရား၊ ဖူးခက်၊ ဟက်ရိုင်၊ ကွမ်တန် တို့ကို ပျံသန်းခဲ့သည်။ ထို့နောက် ဂျကာတာ၊ ဖနွမ်းပင်၊ ရန်ကုန် မြို့တို့ကို တိုးချဲ့ပျံသန်းခဲ့သည်။ လေကြောင်းလိုင်းသည် တစ်ဆထက် တစ်ဆ ပိုမိုကျယ်ပြန့်လာပြီး စီးပွားရေးအရ ခရီးသွားလာသူများကိုပါ ဆွဲဆောင်လာနိုင်ခဲ့သည်။ ဈေးကွက်အရ ပြောင်းလဲမှုများကို ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လေကြောင်းလိုင်းနာမည် အသစ်နှင့် အမှတ်တံဆိပ် ပြောင်းလဲခြင်းတို့နှင့်အတူ အကောင်အထည် ဖော်ခဲ့သည်။ လေကြောင်း အမှတ်တံဆိပ် ပြန်လည်ဆန်သစ်ခြင်းဟာ ဘိုရင်း ၇၃၇-၃၀၀ အသစ် ၆ စီး နှင့် အတူ ပေါက်ဖွားလာခဲ့သည်။ ၁၉၉၀ နှစ်လည်ပိုင်းတွင် အဲဘတ်စ် အေ၃၁၀-၂၀၀ (၂) စီးကို အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံသို့ တိုးချဲ့ပျံသန်းရန်အတွက် ဝယ်ယူခဲ့သည်။ ဆစ်အဲ လေကြောင်းလိုင်းသည် လေယာဉ်အတွင်း ရုပ်ရှင်ကြည့်ရှုနိုင်သော ပထမဆုံး အာရှလေကြောင်းလိုင်း တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် တူညီဝတ်စုံ အသစ်ကို မိတ်ဆက်ခဲ့သည်။ သက်တမ်း ၂၆ နှစ်အတွင်း စတုတ္ထအကြိမ် တူညီဝတ်စုံ ပြောင်းလဲခြင်း ဖြစ်သည်။ အပြာနုရောင်သည် အငယ်တန်း လေယာဉ်မောင်/မယ် များအတွက် ဖြစ်ပြီး နီညိုရောင်သည် အကြီးတန်း လေယာဉ်မောင်/မယ်များ အတွက် ဖြစ်သည်။ နှစ်မျိုးလုံးအတွက် အပြာရင့်ရောင် စကတ်နှင့် တွဲဖက်ထားသည်။[၃] စီးပွားရေး တိုးတက်လာမှု![]() ဆစ်အဲ လေကြောင်းလိုင်း၏ နှစ်အလိုက် စီးပွားရေး တိုးတက်မှုကို အောက်ပါဇယားတွင် ဖော်ပြထားသည်။ ဘဏ္ဍာရေးမှာ နှစ်စဉ် မတ်လ ၃၁ တွင် ပြီးဆုံးသည်။
ပျံသန်းရာမြို့များဆစ်အဲ လေကြောင်းလိုင်းသည် ယခုအခါ စင်ကာပူမှ အခြား မြို့ပေါင်း (၅၀) သို့ ပျံသန်းလျက်ရှိသည်။
အကျိုးတူ ပူးပေါင်းမှုဆစ်အဲ လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေကြောင်းလိုင်းများနှင့် အကျိုးတူပူးပေါင်း ပျံသန်းလျက်ရှိသည်။
လေယာဉ်များ![]() ![]() ![]() ၁၉၈၉ ခုနှစ် ဆစ်အဲ လေကြောင်းလိုင်း စတင်ချိန်က လေယာဉ် (၂) စီး ငှား၍ စတင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဘိုးရင်း ၇၃၇-၃၀၀ လေယာဉ် (၆) စီးကို စတင်ဝယ်ယူခဲ့သည်။ ဆစ်အဲ လေကြောင်းလိုင်းသည် အဲဘတ်စ် အေ၃၁၀-၂၀၀ ကို ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ စင်ကာပူ လေကြောင်းလိုင်း ထံသို့ မလွဲပြောင်းသေးခင် အချိန်အထိအသုံးပြုခဲ့သည်။ ၁၉၉၈ ခုနှစ် အဲဘတ်စ် အသစ်များ ရောက်လာသောအခါ ဘိုးရင်း လေယာဉ်တွေကို အနားပေးခဲ့သည်။ ၁၉၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် သူ၏ ပထမဆုံး အေ ၃၁၉-၁၀၀ လေယာဉ်ကို လက်ခံရယူခဲ့သည်။ အေ ၃၁၉ လေယာဉ်သည် ယခုအခါ အချို့သော အရှေ့တောင်အာရှ နိုင်ငံများ နှင့် အိန္ဒိယ ခရီးစဉ်တွင် အသုံးပြုလျက်ရှိသည်။ ယခုအခါ အဓိကအားဖြင့် အေ ၃၂၀ လေယာဉ်များကိုသာ အသုံးပြုလျက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အဲဘတ်စ် အေ ၃၂၀-၂၀၀ လေယာဉ် (၁၁) စီး ထပ်မံဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လေယာဉ် (၁၁) စီးသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရောက်ရှိလာခဲ့သည်။[၂၃] ၂၀၁၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်း နှင့် ဘိုးရင်း ကုမ္ပဏီတို့အကြား လေယာဉ် (၆၈) စီး ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီမှုတွင် ဘိုးရင်း၇၃၇-၈၀၀ လေယာဉ် (၂၃) စီး၊ ဘိုးရင်း ၇၃၇-မတ်စ် (၃၁) စီး နှင့် တခြား လေယာဉ် (၁၄) စီး ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။[၂၄] ဘိုးရင်း ၇၃၇ လေယာဉ်များကို အေ ၃၂၀ လေယာဉ်အဟောင်းများ နေရာတွင် အစားထိုးမည် ဖြစ်ပြီး ခရီးစဉ် အသစ်များကိုလည်း တိုးချဲ့ပျံသန်းမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် ဘိုးရင်း ၇၃၇-၈၀၀ ပထမဆုံး အစီးကို လက်ခံရရှိခဲ့သည်။[၂၅] ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ အချက်အလက်များအရ ဆစ်အဲလေကြောင်းလိုင်းတွင် ရှိသော လေယာဉ်အရေအတွက်မှာ[၂၆]
လေယာဉ်အတွင်းခန်းဆစ်အဲ လေကြောင်းလိုင်းမှ လေယာဉ်များအားလုံးတွင် လေယာဉ်အတွင်းခန်း (၂) မျိုးခွဲခြားထားသည်။ စီးပွားရေးတန်း နှင့် ရိုးရိုးတန်း ဖြစ်သည်။ စီးပွားရေးတန်းစီးပွားရေးတန်း အတွင်းခန်းများသည် ဆစ်အဲ လေကြောင်းလိုင်း၏ လေယာဉ်များအားလုံးတွင် ရရှိနိုင်သည်။ စီးပွားရေးတန်း၏ ထိုင်ခုံများမှ ၃၉-၄၀ လက်မ ကျယ်၍ ခြေထောက်ချထားရန် ၁၉.၃ လက်မ အကျယ်ရှိသည်။ ယခုအခါ စီးပွားရေးတန်း ခရီးသည်များသည် လယ်သာထိုင်ခုံများ ရရှိနိုင်သည်။ ရိုးရိုးတန်းရိုးရိုးတန်း ထိုင်ခံများသည် ၃၁ လက်မ အကျယ်ရှိ၍ ခြေထောက်ချရန် နေရာမှာ ၁၂ လက်မ ရှိသည်။ ယခုအခါ ရိုးရိုးတန်း ထိုင်ခုံအရောင်များကို နွေဦးရာသီ အရောင်များဖြင့် ပြောင်းလဲထားသည်။ ယခင်မူလ စိမ်းပြာရောင် ထိုင်ခုံများကို အေ၃၂၀ လေယာဉ်ဟောင်းများတွင် တွေ့နိုင်သည်။ ခရီးစဉ်အတွင်း ဝန်ဆောင်မှုအစားအသောက်ခရီးစဉ်အတွင်း အရှေ့တိုင်းအစားအစာသာမက အနောက်တိုင်း အစားအစာများပါ ရရှိနိုင်သည်။ အစာပြေ အစားအစာများကို ပျံသန်းချိန် ၂ နာရီခွဲ အောက်လျော့နည်းသော ခရီးစဉ်များတွင် ရရှိနိုင်သည်။ ဖျော်ဖြေရေးခရီးစဉ်အတွင်း ဖတ်ရှုရန် ဆစ်ဝင်း မဂ္ဂဇင်းများ ထားရှိပေးထားသည်။ ထို့ပြင် ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်များတွင် သီချင်းနားထောင်ရန် ထိုင်ခုံများတွင် စီစဉ်ပေးထားသည်။ မတော်တဆ ဖြစ်ပွားမှု၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ ဆစ်အဲ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၈၅ သည် ဂျကာတာမြို့မှ စင်ကာပူနိုင်ငံသို့ ပျံသန်းလာစဉ် ဆူမတြားရှိ မုဆီမြစ်အတွင်း ပျက်ကျခဲ့သည်။ လေယာဉ်ပေါ် ပါရှိသူ ၁၀၄ ဦး စလုံး သေဆုံးခဲ့ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia