ဇဝနဟံသဇာတ်
တေရသကနိပါတ် -၄၇၆–ဇဝနဟံသဇာတ် ပစ္စုပ္ပန်ဝတ္ထုအာယုသင်္ခါ လွတ်လျင်စွာနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် “ရဟန်းတို့... အရပ်လေးမျက်နှာ၌ တည်ကုန်လျက် လျင်မြန်စွာပစ်သောလေးသမား လေးယောက်တို့ မြားကို မြေသို့မကျမီ ကောက်ယူ၍ လာနိုင်သော ယောက်ျား၏ သွားခြင်းသည် လျင်မြန်၏။ ထိုထက် လ၊ နေတို့၏ သွားခြင်းသည် လျင်မြန်၏။ ထိုထက် လ၊ နေတို့ရွေ့မှပြေးသော နတ်တို့၏ သွားခြင်းသည် လျင်မြန်ကုန်၏။ ထိုထက် အာယုသင်္ခါရတို့သည် လျင်မြန်ကုန်၏”ဟု ဒဠှဓမ္မဓနုဂ္ဂဟ သုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ ပုထုဇဉ်ရဟန်းတို့သည် အလွန်ထိတ်လန့်ကုန်၏။ ခုနစ်ရက်မြောက်နေ့၌ ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့... ယခုအခါ ငါဘုရားသည် အာယုသင်္ခါရ၏ နည်းသောအဖြစ်ပြလျက် ရဟန်းတို့ကို ထိတ်လန့်စေ၍ တရားဟောခြင်းကား အံ့ဘွယ်မရှိသေး၊ ရှေးအခါ တိရစ္ဆာန်ဟင်္သာမျိုး၌ ဖြစ်ပါလျက် အာယုသင်္ခါရ၏ နည်းသောအဖြစ်ကိုပြလျက် ဗာရာဏသီမင်းနှင့်တကွ ပရိသတ်ကို ထိတ်လန့်စေ၍ တရားဟောဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ --- အတိတ်ဝတ္ထုဟင်္သာနှင့်လူမင်း အကျွမ်းဝင်ခြင်းလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဇဝနဟင်္သာမျိုး၌ဖြစ်၍ ဟင်္သာကိုးသောင်းခြံရံလျက် စိတ္တကုဋ်တောင်၌ နေ၏။ တစ်နေ့သ၌ ဟင်္သာမင်းသည် အခြံအရံနှင့်တကွ အိုင်တစ်ခု၌ ပေါက်သော သလေးစပါးကို စား၍ ဗာရာဏသီပြည်ကောင်းကင်ထက်၌ ဖြည်းညှဉ်းသာယာစွာ ပျံသန်းလျက် စိတ္တကုဋ်တောင်သို့ သွားလေ၏။ ထိုအခါ အခြံအရံနှင့်တကွ ပျံသွားသော ဟင်္သာမင်းကို ဗာရာဏသီမင်းမြင်၍ “ဤဟင်္သာသည် ငါကဲ့သို့ မင်းဖြစ်ရာ၏”ဟု အမတ်တို့ကို ပြောဆိုကာ ချစ်ခင်နှစ်သက်တော်မူသဖြင့် ပန်းနံ့သာပျောင်းတို့ကို ကိုင်ကာကြည့်လျက် တူရိယာတို့ကို တီးမှုတ်စေ၏။ ဟင်္သာမင်းသည် မိမိအား ပူဇော်သက္ကာရပြုသည်ကို မြင်၍ အခြံအရံဟင်္သာတို့ကို “အမောင်တို့... ဤမင်းကား အဘယ်ကို တောင့်တ၍ ငါ့အား ပူဇော်သက္ကာရကို ပြသနည်း”၊ “အရှင်မင်းကြီး—မိတ်ဖွဲ့လိုသဖြင့် ပူဇော်သက္ကာရကို ပြုပါသည်”၊ “အမောင်တို့... ကောင်းပြီ”ဆို၍ မင်းကြီးထံ သွား၍ မိတ်ဖွဲ့လေ၏။ ထိုနေ့မှစ၍ ဟင်္သာမင်းနှင့် ဗာရာဏသီမင်းတို့သည် ချစ်ခင်ရင်းနှီးသော မိတ်ဆွေဖြစ်လျက် သွားလာဆက်ဆံကာနေကြ၏။ နေနှင့်ယှဉ်ပြိုင် ဟင်္သာငယ်မနိုင်ထိုအခါ ဟင်္သာမင်း၏ညီတော် ဟင်္သာငယ်နှစ်ဦးတို့သည် နေနှင့်တကွ အပြေးပြိုင်မည်ဟု တိုင်ပင်ညီညွတ်ကာ နောင်တော်ဟင်္သာမင်းအား လျှောက်ထားကုန်၏။ “အမောင်တို့ နေကားအလွန်လျင်မြန်၏၊ အပြေးပြိုင်နိုင်မည်မဟုတ်၊ လမ်းခရီးအကြားတွင် ပျက်စီးကြလတံ့၊ မပြိုင်ကြလင့်”ဟု တားမြစ်လေ၏။ ဟင်္သာငယ်တို့သည် သုံးကြိမ်တိုင်အောင် တောင်းပန်ကုန်၏၊ နောင်တော်လည်း တားမြစ်လေ၏။ ညီတော်ဟင်္သာငယ်တို့သည် မိမိတို့အစွမ်းကို မသိကုန်၍ မာန်တက်ကုန်လျက် နောင်တော်ကို မတောင်းပန်ကြဘဲ နေနှင့်အပြေးပြိုင်ရန် နေမထွက်မီကပင် ယုဂန္ဓိုရ်တောင်ထိပ်၌ နေလင့်ကုန်၏။ ဟင်္သာမင်းလည်း ညီတော်တို့ကိုမမြင်၍မေးရာ ထိုအကြောင်းကိုသိလျှင် “ညီတော်တို့ကား ပျံနိုင်ကြမည်မဟုတ်၊ အသက်ကို ပေးမည်”ဟု ကြံစည်လျက် ယုဂန္ဓိုရ်တောင်ထိပ်၌ နေလင့်၏။ နေဝန်းလည်း ယုဂန္ဓိုရ်တောင်ထိပ်မှ တက်၍လာ၏၊ ဟင်္သာညီနောင်တို့လည်း ပျံသန်းကာ နေနှင့်အတူပြေးကုန်၏၊ ဟင်္သာမင်းလည်း ညီတော်တို့နှင့်အတူပြေးကုန်၏။ ညီတော်ငယ်သည် နံနက်နေအတော်မြင့်သောအခါ ပင်ပန်းလှ၏၊ အတောင်ကြားမှ မီးတောက်သကဲ့သို့ ဖြစ်၏၊ မပျံနိုင်ကြောင်းကို နောင်တော်အား အမှတ်ပေး၏။ နောင်တော်လည်း “ညီတော်မကြောက်လင့်”ဟု အားပေးကာ... အတောင်ချိုင့်၌ထားလျက် စိတ္တကုဋ်တောင်သို့ ပို့ပြီးလျှင် နေနှင့်အမှီလိုက်ပြန်၏။ မွန်းတည့်နီးသောအခါ ညီတော်အကြီးသည် ပင်ပန်းလှ၏၊ အတောင်ကြားမှ မီးတောက်သကဲ့သို့ ဖြစ်ပြန်၏၊ နောင်တော်အားလည်း မပျံနိုင်ကြောင်း အမှတ်ပေး၏။ နောင်တော်လည်း “မကြောက်လင့်”ဟုအားပေးကာ အတောင်ချိုင့်၌ထားလျက် စိတ္တကုဋ်တောင်သို့ ပို့ပြန်၏။ နေကိုနိုင်ခြင်း ဟင်္သာမင်းနောက်တစ်ဖန် ဟင်္သာမင်းသည် “ယနေ့ ငါသည် အားအစွမ်းကို စုံစမ်းမည်”ဟု ကြံစည်ကာ တစ်ဟုန်တည်း ပြေးသွား၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နား၏။ ထိုမှတစ်ဖန် တစ်ဟုန်တည်းပြေးသွားပြန်လျှင် နေရှိရာသို့ရောက်၍ နေ၏ရှေ့မှ၎င်း၊ နောက်မှ၎င်း ပျံ၏။ “ငါ့အားနေနှင့် အပြေးပြိုင်သဖြင့် အကျိုးမရှိ၊ အဆွေတော် ဗာရာဏသီမင်းအား အကျိုးစီးပွားနှင့်စပ်သော တရားစကားကို ဟောကြားမည်” ကြံစည်လျက် နေ့မွန်းမတိမ်းမီလျှင် အလုံးစုံသော စကြဝဠာအတွင်းစွန်းကို လှည့်လည်၍ အဟုန်ကို လျှော့ပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းအတွင်းစွန်းကိုလှည့်လည်ပြန်၍ ဗာရာဏသီမြို့အလုံးကို ဟင်္သာငှက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ လှည့်လည်ပြန်၏၊ တစ်နေရာမျှအပေါက်အကြား မထင်လေ၊ တဖြည်းဖြည်း အဟုန်ကိုလျှော့မှ အပေါက်အကြား ထင်၍လာကာ နန်းတော်လေသာပြုတင်းပေါက်တွင် ရပ်၏။ အဟုန်ပြရန် မင်းတောင်းပန်
ဗာရာဏသီမင်းလည်း ဟင်္သာမင်းလာသည်ကိုမြင်လျှင် “ငါ့အဆွေတော်လာပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဟင်္သာမင်းနားနေရန် ရွှေအင်းပျဉ်ကိုခင်းစေပြီးလျှင်– ဟု လောကွတ်ပျူငှါ ဘိတ်မန္တကပြုလေ၏။ ဟင်္သာမင်းလည်း ရွှေအင်းပျဉ်တွင်နားနေတော်မူ၏။ ဗာရာဏသီမင်းသည် အကြိမ်တစ်ရာချက်အပ်သော ဆီကြည်ဖြင့် အတောင်ကြားကိုလိမ်းပြီးလျှင် ရွှေခွက်ဖြင့် ပျားရည်သကာ ပေါက်ပေါက်တို့ဖြင့် ထည့်၍ ဧည့်ခံ၏။ သာယာစွာ ပဋိသန္ဓာရစကားကို ပြောကြား၏၊ အဆွေတော်အား လာခဲ့ခြင်းအကြောင်းကိုလည်း မေးမြန်း၏။ ဟင်္သာမင်းသည် နေနှင့်အပြေးပြိုင်သော ညီတော်ဟင်္သာငယ်တို့အကြောင်းကို အကျယ်တဝင့်ပြောကြား၏။ ထိုအခါ ဗာရာဏသီမင်းသည် “အဆွေတော်အကျွန်ုပ်အား နေနှင့်အပြေးပြိုင်သော အဟုန်ကို ပြပါလော”ဟု ပြော၏။ “မြတ်သောမင်းကြီး အဟုန်ကို မပြနိုင်ပါ”ဟု ပြော၏။ “တူမျှသည်ကို ပြပါ”ဟု တောင်းပန်၏။ မြေဝယ်မကျ မြှားကောက်ပြထိုအခါ... ဟင်္သာမင်းသည် အက္ခဏဝေမိလေးသမား လေးယောက်တို့ကို နန်းရင်ပြင်၌ စည်းဝေးစေ၏။ နောက်ကျောက်တိုင်ကို စိုက်စေပြီးလျှင် မိမိကိုမူကား လည်ပင်း၌ ဆည်းလည်းဆွဲစေပြီးလျှင် ကျောက်တိုင်ထိပ်၌ နေ၏။ “မြတ်သောမင်းကြီးကျောက်တိုင်ကိုကျောပေးကာ အရပ်လေးမျက်နှာသို့ တစ်ပြိုင်နက်ပစ်သော လေးသမားတို့မြားတို့ကိုမြေကြီးသို့မကျမီ ကောက်၍ လေးသမားလေးယောက်တို့ထံကိုပို့မည်၊ အကျွန်ုပ်ကိုမြင်ရမည်မဟုတ်၊ ဆည်းလည်းသံကိုသာ နားထောင်၍လျင်မြန်သောအဟုန်ကို ရှုတော်မူပါ”ဟု ပြောလေ၏။ လေးသမားလေးယောက်တို့လည်း တစ်ပြိုင်နက် အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာသို့ အသီးအသီးပစ်ကြကုန်၏။ ဟင်္သာမင်းလည်း မြားတို့ကို မြေသို့မကျမီ ကောက်ယူကာ လေးသမားတို့ထံသို့ ချပြီးလျှင် ကျောက်တိုင်ထိပ်၌နေ၏။ မင်းနှင့်တကွ လူအများတို့သည် မြှားကောက်သော ဟင်္သာမင်းကို မမြင်ကြကုန်၊ ဆည်းလည်းသံမျှသာ ကြားရကုန်၏။ တရားအစုံ ဟောပြပုံထို့နောက် ဟင်္သာမင်းသည် “မြတ်သောမင်းကြီး... အကျွန်ုပ်၏ လျင်မြန်ခြင်းကို မြင်ရပြီမဟုတ်လော၊ ဤလျင်မြန်ခြင်းကား ယုတ်လျော့သော လျင်မြန်ခြင်းတည်း”၊ “အဆွေတော်ဟင်္သာမင်း... သင်၏လျင်မြန်ခြင်းထက် လျင်မြန်သောအရာရှိပါသေးသလော”ဟုမေး၏။ “မြတ်သောမင်းကြီး အကျွန်ုပ်၏ လျင်မြန်ခြင်းထက်အဆပေါင်း ထောင်မကလျင်မြန်လှသောအရာကား သတ္တဝါတို့၏အာယုသင်္ခါရဖြစ်ပါသည်၊ ထိုအာယုသင်္ခါရသည် လျင်မြန်စွာကုန်ဆုံးပျက်စီးတတ်၏”ဟု ရုပ်တရားနာမ်တရားတို့၏ ခဏနိရောဓကို ဟောတော်မူ၏။ ထိုအခါမင်းကြီးသည် သေရမည့်ဘေးမှ ကြောက်သဖြင့် သတိမရ မူးမေ့ကာလဲလေ၏။ လူအများလည်း အလွန်ကြောက်ရွံ့ထိတ်လန့်ကုန်၏၊ မင်းကြီးကို ရေဖြင့် ဆွတ်ဖြန်းကာ သတိရစေကုန်၏။ ဟင်္သာမင်းသည် “မြတ်သောမင်းကြီး... မကြောက်လင့်၊ သေရလတံ့ဟု အဖန်ဖန်အောက်မေ့ခြင်း မရဏဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပွားများလော့၊ မင်းကျင့်တရားဆယ်ပါးနှင့်အညီ မင်းပြုလော့၊ ကုသိုလ်ကောင်းမှုကို ပြလော့”ဟု မင်းကြီးကိုဆုံးမလေ၏။ တရားခြင်းရာ ဝမ်းမြောက်စွာထိုအခါ... မင်းကြီးသည် ဟင်္သာမင်း ဟောကြားသောတရားကို များစွာနှစ်သက်လှသဖြင့်– “အဆွေဟင်္သာမင်း... သင်၏စကားကိုကြားရသဖြင့် အချို့သောသူအား ချစ်မြတ်နိုးပါ၏၊ မြင်တွေ့ရသဖြင့် အချို့သောသူအား ချစ်မြတ်နိုးခြင်း ကင်းပျောက်ပါ၏၊ စကားကိုကြားရသဖြင့်၎င်း၊ မြင်တွေ့ရသဖြင့်၎င်း ချစ်မြတ်နိုးခြင်းတို့သည် ဖြစ်ကုန်၏၊ အသို့နည်း အကျွန်ုပ်အားမြင်တွေ့ရသဖြင့် မြတ်နိုးပါ၏လော”။ “အဆွေဟင်္သာမင်း... အကျွန်ုပ်သည်သင်၏စကားကိုကြားရသဖြင့် သင်ဟင်္သာမင်းအား ချစ်မြတ်နိုးပါ၏၊ မြင်တွေ့ရသဖြင့် အတိုင်းထက်အလွန် ချစ်မြတ်နိုးပါ၏၊ ဤသို့ချစ်မြတ်နိုးခြင်းရှိသဖြင့် အဆွေဟင်္သာမင်းသည် အကျွန်ုပ်ထံ၌ နေတော်မူပါ”— ယစ်မျိုးရှောင်ကြဉ် တရားဆင်ခြင်
ထိုအခါ ဟင်္သာမင်းသည် မင်းကြီးနန်းတော်တွင်မနေလို၍ အပြစ်ပြကာ– ဟု ပြောဆိုဝန်ခံလေ၏။ လူတို့သဘောနက် အသိခက်
ထို့နောက်တစ်ဖန် ဟင်္သာမင်းသည် ငြင်းပယ်လိုသဖြင့်– “မြတ်သောမင်းကြီး... ချစ်ခင်နှစ်သက်ပြီးသောသူသည်လည်း အလွန်ကြာမြင့်စွာ နေသဖြင့် မုန်းတီးတတ်ပါ၏၊ သင်မင်းကြီးတို့ မုန်းတီးခြင်းမဖြစ်ကုန်မီ ပြောကြားကာသွားပါကုန်အံ့”ဟု လူတို့နှင့်အတူတကွနေရခြင်းအပြစ်ကို ပြောကြားပြန်၏။ မင်းစကားပယ်ရန် တောတွင်းပြန်
ထိုအခါမင်းကြီးသည် ဟင်္သာမင်းအား တောင်းပန်ပြန်လို၍– ဟု ဝန်ခံစကားပြောကြားလေ၏။ ဤသို့လျှင်ရွှေဟင်္သာမင်းသည် ဗာရာဏသီမင်းကြီးကို တရားဟောကြားဆုံးမပြီးလျှင် စိတ္တကုဋ်တောင်သို့သွားလေ၏။ --- ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
--- ဆောင်ပုဒ်(၁) ခွေးငှက်အသံ၊ သိလွယ်ပြန်၊ လူသံသိခဲသည်။ ကိုးကား
|
Portal di Ensiklopedia Dunia