ညီညီစိုး

ညီညီစိုး
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်သက်တမ်း
၃ မတ် ၂၀၂၁ – ၂၃ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ယခင်လူဦးခင်မောင်ကြီး
ဆက်ခံသူဒေါ်ဌေးမြင့်အေး
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃ မတ် ၂၀၂၁
ခန့်အပ်သူဦးသိန်းစိန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၀
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဦးညီညီစိုး(၁၉၆၀ ဖွား) သည် လက်ရှိ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်သည်။[]သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှ စ၍ ခန့်အပ်ခဲ့သည်။ ထိုရာထူးမတိုင်မီ ဦးညီညီစိုးသည် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။[]

ပညာရေး

ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိသည်။ ဦးညီညီစိုးသည် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ကို ၁၉၉၈ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၈၄ ခုနှစ်တွင် တရားရေးအရာရှိ အဆင့် - ၄ အဖြစ် တရားရေးဌာနတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးရာထူး အဆင့်ဆင့်ကို ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ယင်းနောက် မန္တလေးခရိုင်တရားရုံး၏ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်သည်။ထိုတာဝန်ကို ၂၀၂၁ မတ်လ ၃ရက်နေ့အထိ ထမ်းဆောင်သည်။ ၂၀၂၁ မတ်လ ၃ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့၍ ဒုတိယမြောက် မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လာသည်။[] ထိုနောက် ဒေါ်ဌေးမြင့်အေးက သူ့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ဆက်ခံခဲ့သည်။ []

ကိုးကား

  1. မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများမွန်ပြည်နယ်တရားလွှတ်တော် ၂၀၂၁ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေးမြန်မာ့အလင်းသတင်းစာ(၂၀၁၁ခုနှစ်မတ်လ၃၁ရက်နေ့ထုတ်သတင်းစာ၊စာမျက်နှာ၁၁) (၃၁ မတ် ၂၀၁၁)။ 12 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများမွန်ပြည်နယ်တရားလွှတ်တော်ရုံး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီဝင်များနှင့်တွေ့ဆုံMyanmar Digital News (၂၄ မတ် ၂၀၂၃)။ 30 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း(အမိန့်အမှတ် ၄၂/၂၀၂၅)။ SAC Office။ 2025-7-23 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya