မွန်ပြည်နယ် တရားလွှတ်တော်
မွန်ပြည်နယ်တရားလွှတ်တော် သည် မွန်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ သမိုင်းကြောင်းအောက်မြန်မာနိုင်ငံတွင် ၁၈၆၄ခုနှစ်၌ မှတ်တမ်းရုံးအဖြစ် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်၊ အထက်လမ်းမကြီးတွင် စတင် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် မော်လမြိုင်မြို့ တရားသူကြီးရုံးဖြစ်လာခဲ့သည်။၁၉၂၂ခုနှစ်တွင် ရန်ကုန်တရားရုံးချုပ်လက်အောက်ခံ တနင်္သာရီတိုင်း၏ တိုင်းနှင့်စက်ရှင်တရားသူကြီးရုံးဖြစ်လာသည်။၁၉၄၈ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ ကျိုက္ခမီ၊ သံလွင်ခရိုင် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း၊မော်လမြိုင်၊ ကော်သူလေးခရိုင် တရားမနှင့် စက်ရှင်တရားရုံးအဖြစ်လည်းကောင်း တည်ရှိခဲ့သည်။၁၉၇၂ ဇူလိုင်လမှ ၁၉၇၃နှစ်ကုန်အထိ တနင်္သာရီတိုင်းပြည်သူ့တရားရုံးအဖြစ် တည်ရှိခဲ့သည်။၁၉၇၄ အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် မွန်ပြည်နယ်အဖြစ် ပေါ်ပေါက်လာပြီး မွန်ပြည်နယ်တရားရုံးဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် မွန်ပြည်နယ်တရားရုံးကို မွန်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာမွန်ပြည်နယ်တရားလွှတ်တော်သည် မော်လမြိုင်မြို့တွင် တည်ရှိသည်။ တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)
ဖွဲ့စည်းပုံမွန်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁] ခရိုင်တရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia