ဌိတနိသိန္နသိက္ခာပုဒ်
ဌိတနိသိန္န, ပစ္ဆတောဂစ္ဆန္တီ. ဥပ္ပထေနဂစ္ဆန္တီ သိက္ခာပုဒ်များ (ပါဒုကဝဂ်)
ထိုင်နေသူအား မိမိတို့က မတ်မတ်ရပ်လျက် တရားဟောကြကုန်၏၊ [ထိုင်ခြင်းနှင့် ရပ်ခြင်းတွင် ရပ်ခြင်းက အောက်တန်းကျ၏၊ ထိုကြောင့် အကဲ့ရဲ့ခံရ၏။ ရှေ့ကသွားသူအား မိမိတို့က နောက်မှလိုက်လျက် တရားဟောကြကုန်၏။ လမ်း၌သွားနေသူအား မိမိတို့က လမ်းဘေးမှသွားလျက် တရား ဟောကြဟုန်၏။ ထိုအပြုအမူကို အခြားရဟန်းများက မနှစ်သက်ကြသဖြင့် ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထား ကြသောကြောင့် တားမြစ်တော် ပြီးနောက် ဂိလာနဖြစ်နေလျှင် ဟောခွင့်ပြုတော်မူကာ—[၁] “န ဌိတော နိသိန္နဿ အဂိလာနဿ...၊ န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ...၊ န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။ မြန်မာပြန်“မိမိကပ်လျက် ထိုင်နေသော ဂိလာနမဟုတ်သူအား... မိမိက နောက်မှလိုက်လျက် ရှေ့ကသွားသော ဂိလာန မဟုတ်သူအား... မိမိက လမ်းမဟုတ်သော လမ်းဘေးမှ လိုက်လျက် လမ်းကသွားနေသော ဂိလာန မဟုတ်သူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကိုပြုရမည်။ [ “တရား” ဟု လာသမျှ၌ ပါဠိတော် အဋ္ဌကထာ တရားကိုသာ ဆိုလိုသည်၊ မြန်မာဘာသာ စသည်ဖြင့် ပြောလျှင် အာပတ်မသင့်။] ဤတွင်တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia