တက္ကသိုလ်ကြယ်ပွင့်

တက္ကသိုလ်ကြယ်ပွင့်
မွေးဖွားဦးမြင့်ဝေ
ကွယ်လွန် (အသက် ၇၈)
မန္တလေးလမ်း၊ ကန်မြောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်
အလုပ်အကိုင်ကထိက (ငြိမ်း)
စာပေအမျိုးအစားသိပ္ပံ
ရရှိသည့်ဆုများ
အိမ်ထောင်ဖက်ဒေါ်ခင်ခင်စန်း

တက္ကသိုလ်ကြယ်ပွင့် (၃၀ အောက်တိုဘာ ၂၀၂၂ ကွယ်လွန်) သည် အမျိုးသား စာပေဆုရ တက္ကသိုလ် ကထိက၊ သိပ္ပံစာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဝေဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ အငြိမ်းစား ကထိက ဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် နေအိမ်တိုက်ခန်းအတွင်း ဇနီးဖြစ်သူနှင့် အတူ သတ်ဖြတ်ခံခဲ့ရသည်။[]

ရီလေတီဗီတီသီအိုရီ စာအုပ်ဖြင့် ၁၉၇၃ ခုနှစ် စာပေဗိမာန်စာမူ ဒုတိယဆုရရှိခဲ့ပြီး စူပါကြိုးမျှင်လေးသီအိုရီ စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုးသား စာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့သည်။ ထို့အပြင် အိုင်းစတိုင်းကွမ်တမ်သီအိုရီစကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်းM-သီအိုရီနှင့် ကော်စမောလော်ဂျီ အစရှိသဖြင့် ရူပဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။[]

ရေးသားခဲ့သော စာအုပ်များ

  • ရီလေတီဗီတီသီအိုရီ (၁၉၇၃)
  • ကွမ်တမ်သီအိုရီ (၂၀၀၀)
  • စူပါကြိုးမျှင်လေးသီအိုရီ (၂၀၀၁)
  • အိုင်းစတိုင်း သူ့ဘဝ၊ သူ့အလုပ်၊ သူ့ဩဇာ (၂၀၀၂)
  • နယူထရီနို (၂၀၀၅)
  • စကြဝဠာကြီး၏ ခေတ်ကြီး ငါးခေတ် (၂၀၀၉)
  • 'စကြဝဠာစုံအနှံ့ သက်ရှိရှာပုံတော်ဖွင့်ခြင်း (၂၀၁၁)
  • ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် အိုင်းစတိုင်း သဘောချင်းတိုက်ဆိုင်အဆို (၂၀၁၂)
  • စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း (၂၀၁၄)
  • M-သီအိုရီနှင့် ကော်စမောလော်ဂျီ (၂၀၁၄)
  • သိပ္ပံပညာရှင် မွေးမြူနည်းနှင့် အိုင်းစတိုင်း (၂၀၀၁၊ အခြားစာရေးဆရာများနှင့်)

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya