တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)
ကိုယ်ရေး အချက်အလက်များဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦး (ဒုတိယသမ္မတ - ၁) အမည် - သီဟသူရ ဦးတင်အောင်မြင့်ဦး တပ်ဝင်ခုနှစ် ၁၉၇ဝ ရာထူး ဗိုလ်ချုပ်ကြီး ငယ်စဉ်ဘ၀သီဟသူရဦးတင်အောင်မြင့်ဦးကို ၂၉.၅.၁၉၅၀ တွင်မွေးဖွားသည်။ထို့နောက် စစ်တက္ကသိုလ်သို့တက်ရောက်ခဲ့ပြီး ၁၉၇၀တွင် စစ်တက္ကသိုလ် အပါတ်စဉ်(၁၂)ကျောင်းဆင်းခဲ့ပြီး တပ်မတော်တွင် ဒုဗိုလ်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ယင်း၏ကိုယ်ပိုင်အမှတ်မှာ ပြန်တမ်းဝင်အမှတ် ကြည်း၁၁၇၀၁ ဖြစ်သည်။[၂] သီဟသူရဘွဲ့တံဆိပ်ရရှိခြင်း၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဒဏ်ရာရထားသော်လည်း ရဲဝင့်စွာ ရဲဘော်များနှင့်အတူ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သဖြင့် [၃]စစ်ဘက်ဆိုင်ရာနှင့် ရဲစွမ်းသတ္တိဆိုင်ရာ ဒုတိယအမြင့်ဆုံးဘွဲ့ဖြစ်သော သီဟသူရဘွဲ့ ရရှိခဲ့သည်။၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။ တာဝန်အဆင့်ဆင့်များ၁၉၈၈-ခုနှစ် ခလရ (၁၁) ဒုရင်းမှူး ဗိုလ်မှူး (မိုင်းယန်းတိုက်ပွဲတွင် သီဟသူရ ဘွဲ့ရရှိ) စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံတော်ရေးရာခေါင်းဆောင်မှုကာလသီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ တမခ ၃၃ တွင်စစ်ဦးစီးမှူး ပထမတန်း ၊ဒုတိယတပ်မမှူး မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် စစ်ဗျူဟာမှူး တာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။ ထို့နောက်၂၀၀၂တွင် စစ်ထောက်ချုပ်၊၂၀၀၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၂၀၀၇ ခုနှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို ခန့်အပ်ခြင်းခံခဲ့ရသည်။၂၀၁၀တွင် စစ်ဘက်ရာထူးများမှအနားယူကာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁)အပြင် နိုင်ငံတော်အဆင့်လုပ်ငန်း၊ကော်မတီတာဝန်များကို တာဝန်ယူဦးဆောင်ခဲ့သည်။မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သီဟသူရဦးတင်အောင်မြင့်ဦးသည် ယင်း၏ ပါးစပ်ဆိုးကြောင့် ကျော်ကြားသည်။ သီဟသူရဦးတင်အောင်မြင့်ဦးသည် အဂတိလိုက်စားမှုအများဆုံးတွင်ပါဝင်သော ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ ပါတီနိုင်ငံရေးလှုပ်ရှားမှုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ဝင်အဖြစ် ၂၀၁၀ရွေးကောက်ပွဲ၌ နေပြည်တော် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရ ရွေးချယ်ခံထားရသည်။ (၂ဝ၁ဝ ရွေးကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အဖြစ် မန္တလေးတိုင်း ပုဗ္ဗသီရိမြို့နယ် မှနေ၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံကာ အနိုင်ရခဲ့သည်။) ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော ပထမအကြိမ် လွှတ်တော်အစည်းအေ၀း တွင် နိုင်ငံတော်ဒုတိယသမ္မတ အဖြစ်ရွေ့းချယ်တင်မြှောက်ခံထားရသူ ဖြစ်သည်။ ဒုတိယသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းသီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၃၀.၃.၂၀၁၁ မှစတင်ကာ ဒုတိယသမ္မတအဖြစ် နေပြည်တော်တွင် ရုံးစိုက်ပြီး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရတ်တာဝန်မှ အနားယူ ခဲ့ပြီး ၎င်း၏နေရာတွင် ဦးဉာဏ်ထွန်းအား ဒုတိယသမ္မတ အဖြစ် ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အစားထိုးခန့်အပ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia