မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဒုတိယအမြင့်ဆုံး ရာထူးဖြစ်သည်။[၁] ဤရာထူးကို ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် စတင်ခန့်ထားခဲ့ပြီး သမ္မတ ၏ လက်အောက်တွင် ရှိသည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ရာထူးကို စတင်ခဲ့ပြီး နိုင်ငံတော်၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယသမ္မတနှစ်ဦးကို ခန့်အပ်ထားသည်။ ၂၀၂၁ခုနှစ် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် လက်ရှိ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ သည် ယာယီသမ္မတ နေရာယူပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ အာဏာလွှဲခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၄) အရ ဒုတိယသမ္မတအဖြစ် ဆက်လက်တည်ရှိခဲ့ [၂] ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။[၃] မြန်မာနိုင်ငံ၏ ဒုတိယသမ္မတများစာရင်း (၁၉၈၅-၁၉၈၈)ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥပဒေတို့တွင် အနည်းငယ်ပြောင်းလဲမှုများအရ ၁၉၈၅ခုနှစ်တွင် ဒုတိယသမ္မတရာထူးကို ဖန်တီးခဲ့သည်[၄]
Vice-Presidents in Burma/Myanmar
အခြားကြည့်ရန်
ကိုးကား
|
Portal di Ensiklopedia Dunia