မန်ချူးကိုးနိုင်ငံ
မန်ချူးကိုးနိုင်ငံ (အင်္ဂလိပ်: Manchukuo)၊ တရားဝင်အားဖြင့် ၁၉၃၄ ခုနှစ်အထိ မန်ချူးရီးယားနိုင်ငံတော်၊ ၁၉၄၅ ခုနှစ်အထိ (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော်သည် မန်ချူးရီးယားဒေသအခြေစိုက် ဂျပန်အင်ပါယာ၏ ရုပ်သေးနိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၃၂ မှ ၁၉၄၅ ခုနှစ်များအတွင်း တည်ရှိခဲ့သည်။ ဂျပန်တို့က မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်ပြီးနောက် ၁၉၃၂ တွင် သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုမှု နည်းပါးသောနိုင်ငံလည်းဖြစ်သည်။ နိုင်ငံ၏ဧရိယာသည် ချင်းမင်းဆက်၏ ဧကရာဇ်များအပါအဝင် မန်ချူးလူမျိုးတို့၏ ဌာနေမြေဖြစ်သည်။ ၁၉၃၁ တွင် ဂျပန်တို့သည် မုခ်ဒန်းဖြစ်ရပ်အပြီးတွင် ထိုဒေသကိုသိမ်းပိုက်ခဲ့သည်။ တစ်နှစ်အကြာတွင် ဂျပန်အလိုတော်ရိ အစိုးရတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး နောက်ဆုံးချင်းဧကရာဇ်ပုရီအား အမည်ခံခေါင်းဆောင်နှင့် နောက်ပိုင်းတွင်ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့သည်။[၂] ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် မန်ချူးကိုးအစိုးရသည် ၁၉၄၅ ခုနှစ်တွင် ပျက်ပြားခဲ့သည်။ မန်ချူးကိုးပိုင်နယ်မြေများကို ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ဆိုဗီယက်တို့က ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထံပြန်လည်ပေးအပ်ခဲ့သည်။[၃] မန်ချူးနိုင်ငံဟုဆိုသော်လည်း မန်ချူးတို့သည် လူနည်းစုမျှသာဖြစ်ခဲ့ရပြီး အများစုမှာဟန်တရုတ်လူမျိုးများသာဖြစ်သည်။ နိုင်ငံရေးနိုင်ငံ့ခေါင်းဆောင်
ဝန်ကြီးချုပ်
သံတမန်ရေးရာ အသိအမှတ်ပြုမှု![]() မန်ချူးကိုး ဂျပန်မှသိမ်းပိုက်ထားသောနယ်မြေများ သို့မဟုတ် ဂျပန်ဩဇာခံအစိုးရများလက်အောက်ရှိ နယ်မြေများ ဂျာမနီမှသိမ်းပိုက်ထားသောနယ်မြေများ သို့မဟုတ် ဂျာမနီဩဇာခံအစိုးရများလက်အောက်ရှိ နယ်မြေများ အသိအမှတ်ပြုသောနိုင်ငံများ တရုတ်နိုင်ငံသည် မန်ချူကိုးနိုင်ငံကို အသိအမှတ်မပြုသော်လည်း ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ လစ်တွန်အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး မန်ချူးရီးယားသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကြေညာခဲ့ရာ ဂျပန်နိုင်ငံသည် ၎င်း၏အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ မန်ချူးရီးယားပြဿနာကြောင့် အမေရိကန်နိုင်ငံသည် စစ်ပွဲအကြောင်းကြောင့် ပေါ်ပေါက်လာသည့်နိုင်ငံများကို အသိအမှတ်မပြုရန်အတွက် စတင်မ်ဆင်၏အဆို (Stimson Doctrine) ကို ချမှတ်ခဲ့သည်။[၄] အဖွဲ့ချုပ်၏ချဉ်းကပ်မှုကြားမှ ဤနိုင်ငံသစ်ကို အယ်ဆာဗေဒို (၃ မတ် ၁၉၃၄)၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၁၉၃၄)၊ ကော်စတာရီကာ (၂၃ စက်တင်ဘာ ၁၉၃၄)၊ အီတလီ (၂၉ နိုဝင်ဘာ ၁၉၃၇)၊ စပိန် (၂ ဒီဇင်ဘာ ၁၉၃၇)၊ ဂျာမနီ (၁၂ မေ ၁၉၃၈) နှင့် ဟန်ဂေရီ (၉ ဇန်နဝါရီ ၁၉၃၉) နိုင်ငံများက အသီးသီးအသိအမှတ်ပြုခဲ့ကြသည်။ ဆိုဗီယက်နိုင်ငံသည် ၁၉၃၅ မတ် ၂၃ တွင် အသိအမှတ်ပြုသော်လည်း တရားဝင်အသိအမှတ်ပြုမှု မဟုတ်ခဲ့ပေ။[၅][၆] သို့သော် ၁၉၄၁ ဧပြီ ၁၃ ရက်နေ့တွင် ဆိုဗီယက်–ဂျပန် ကြားနေရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ဆိုဗီယက်ယူနီယံ၏အိမ်နီးချင်း မွန်ဂိုလီးယားပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုပါက မန်ချူးကိုးနိုင်ငံကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။[၇] ဗာတီကန်စီးတီးသည် မန်ချူးကိုးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် ဗာတီကန်စီးတီးအနေဖြင့် မန်ချူးကိုးနိုင်ငံသို့ ကက်သလစ်မစ်ရှင်များ စေလွှတ်မှုသာရှိခဲ့သည်။[၈] ၁၉၄၀ ခုနှစ်များတွင် ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း ဂျပန်နှင့်အီတလီနိုင်ငံတို့၏ မန်ချူးကိုးနိုင်ငံနှင့် ဝမ်ကျင်းဝေအစိုးရတို့ကို အသိအမှတ်ပြုရေးဖိအားများကို ငြင်းဆန်ခဲ့သည်။[၉] ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက်တွင် ဂျာမနီ၏လက်အောက်၌ရှိကြသော စလိုဗက်ကီးယား (၁ ဇွန် ၁၉၄၀)၊ ဗစ်ချီ ပြင်သစ်နိုင်ငံ (၁၂ ဇူလိုင် ၁၉၄၀)၊ ရိုမေးနီးယား (၁ ဒီဇင်ဘာ ၁၉၄၀)၊ ဘူလ်ဂေးရီးယား (၁၀ မေ ၁၉၄၁)၊ ဖင်လန် (၁၇ ဇူလိုင် ၁၉၄၁)[၁၀]၊ ဒိန်းမတ် (ဩဂုတ် ၁၉၄၁)၊ ခရိုအေးရှား (၂ ဩဂုတ် ၁၉၄၁) နိုင်ငံများနှင့် ဂျပန်၏လက်အောက်၌ရှိကြသော ဝမ်ကျင်းဝေ၏ တရုတ်သမ္မတနိုင်ငံ၏ ပြန်လည်ဖွဲ့စည်းထားသော အမျိုးသားအစိုးရ (၃၀ နိုဝင်ဘာ ၁၉၄၀)၊ ထိုင်း (၅ ဩဂုတ် ၁၉၄၁) နှင့် ဖိလစ်ပိုင် (၁၉၄၃) နိုင်ငံများက အသိအမှတ်ပြုခဲ့ကြသည်။ မှတ်စုကျမ်းကိုး
တမ်းပလိတ်:ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာဩဇာလွှမ်းမိုးမှုအောက်ရှိ နိုင်ငံများနှင့်နယ်မြေများ |
Portal di Ensiklopedia Dunia